၉၅ နှစ်သက်တမ်းရှိ ရှားပါး Alfa Romeo တစ်စင်း အရောင်းဈေးကွက်ဝင်လာ၊ တန်ကြေး ပေါင် ၂ ဒသမ ၇ သန်းခန့်ရှိ

  • 332 views

သက်တမ်း ၉၅ နှစ်ရှိ အလွန်ရှားပါးသော Alfa Romeo တစ်စင်း အရောင်းဈေးကွက်ဝင်လာသည်။

အင်ဂျင် supercharger ပါဝင်ပြီး တန်ကြေးမှာ ပေါင် ၂ ဒသမ ၇ သန်းခန့်ရှိသည်ဟု ဆိုသည်။

ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ ၁၉၃၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော Alfa Romeo 6C 1750 GS Testa Fissa ဖြစ်ကာ အပြင်ဘက်မှာ အနီရောင်ဖြစ်ပြီး အတွင်းပိုင်းမှာ အနက်ရောင် ဖြစ်သည်။

(Alfa Romeo 6C 1750 GS Testa Fissa ကို eBay တွင် ပေါင် ၂ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက် တင်လာသည်။ ဓာတ်ပုံ-mediadrumimages)

 

(4 speed manual ဂီယာဘောက်သုံးထားပြီး wheelbase မှာ 2920 mm ရှိသည်။ ဓာတ်ပုံ-mediadrumimages)

 

(Testa Fissa ၁၂ စင်း ထုတ်လုပ်ခဲ့သည့်အနက် တစ်စင်းဖြစ်သည်။ ယခုကားကို ၁၉၃၀ ပြည့်နှစ် Tourist Trophy ပြိုင်ပွဲတွင် Tazio Nuvolari က မောင်းနှင်ခဲ့သည်။ ဓာတ်ပုံ-mediadrumimages)

1752 cc dual overhead cam six-cylinder အင်ဂျင်အပြင် Memini supercharger ပါဝင်ပြီး မြင်းကောင်ရေ ၁၀၂ အား ရှိသည်။ ဤကားကို ၁၉၃၀ ပြည့်နှစ် London Motor Show တွင်လည်း ပြသခဲ့ဖူးသည်။

Alfa Romeo ဆိုင်ရာ သမိုင်းပညာရှင် Angela Cherrett က “1750 GS chassis ၃ ခုကို ထုတ်လုပ်ခဲ့ပြီး four-seater bodywork နဲ့ တပ်ဆင်ခဲ့ပါတယ်” ဟု ပြောသည်။

အရောင်းဈေးကွက်တင်သူမှာ Vintage and Prestige of Northampton Ltd မှဖြစ်ပြီး eBay မှတစ်ဆင့် အရောင်းတင်လာခြင်း ဖြစ်သည်။

“Testa Fissa အင်ဂျင်ကို ၂၀၁၁ ခုနှစ်မှာ အော်ရီဂျင်နယ် spec တွေအတိုင်း ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်”

“အင်ဂျင်မှာ crankcase ၊ဂီယာဘောက်စ်နဲ့ supercharger တွေ အပါအဝင် မူရင်းအစိတ်အပိုင်းတွေကို ပြန်လည်ထိန်းသိမ်းထားပါတယ်”

(၁၉၃၀ ပြည့်နှစ် London Motor Show ၏ မြင်ကွင်းတစ်ခု။ ဓာတ်ပုံ-mediadrumimages)

 

(အပြင်ပိုင်းတွင် အနီရောင်၊ အတွင်းပိုင်း အနက်ရောင်ဖြင့် ပြန်လည်မွမ်းမံထားသည်။ ဓာတ်ပုံ-mediadrumimages)

 

(ကားပြန်လည်မွမ်းမံမှုမှာ အလွန်အနုစိတ်လက်ဝင်လှရာ သုတေသန များစွာပြုလုပ်ခဲ့ရပြီး မူရင်းအစိတ်အပိုင်းများကို ပြန်လည်အသုံးပြုခဲ့သည်။ ဓာတ်ပုံ-mediadrumimages)

 

(ကိုယ်ထည်မှာ 1930 Double Twelve ၏ ဒီဇိုင်းကို အခြေခံထားသည်။ ရှေ့ပိုင်း အစိတ်အပိုင်းများကို မူရင်းပြိုင်ကားကိုယ်ထည်မှ ပြန်လည်အသုံးပြုထားသည်။ ဓာတ်ပုံ-mediadrumimages)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Ultra-rare 95-year-old Alfa Romeo with unique engine supercharger goes up for sale – and it’s worth £2.7MILLION

Photo Credit- mediadrumimages