• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Geely ၏ မော်ဒယ်သစ်ဖြစ်သော Galaxy L7 EM-i PHEV ကို ဈေးနှုန်း ကန်ဒေါ်လာ ၁၆၀၀၀ ဖြင့် တရုတ်ပြည်တွင် စတင်ဖြန့်ချိ၊ မောင်းနိုင်သော Range မှာ ၁၂၄၀ ကီလိုမီတာဖြစ်

Geely ၏ မော်ဒယ်သစ်ဖြစ်သော Galaxy L7 EM-i PHEV ကို ဈေးနှုန်း ကန်ဒေါ်လာ ၁၆၀၀၀ ဖြင့် တရုတ်ပြည်တွင် စတင်ဖြန့်ချိ၊ မောင်းနိုင်သော Range မှာ ၁၂၄၀ ကီလိုမီတာဖြစ်

  • 386 views

Geely သည် ဖေဖော်ဝါရီ ၁၄ ရက်တွင် Galaxy L7 EM-i မော်ဒယ်သစ်ကို တရားဝင် စတင်ဖြန့်ချိလိုက်သည်။

Trim ၄ မျိုးလာပြီး ဈေးတန်းမှာ ယွမ် ၁၁၅၈၀၀ မှ ၁၄၈၈၀၀ ကြား (ကန်ဒေါ်လာ ၁၆၀၀၀ မှ ၂၀၅၀၀ ကြား) ရှိသည်။

Geely သည် မကြာသေးမီ ရက်ပိုင်းကပင် Galaxy L6 ကိုလည်း စတင်ဖြန့်ချိထားရာ အဆိုပါ မော်ဒယ်မှာ ဒေါ်လာ ၁၁၀၀၀ ကျော်မျှဖြင့် စသည်။

(ဆက်စပ်သတင်း)

Geely ထုတ် Galaxy L6 EM-i လျှပ်စစ် hybrid ကားကို ဒေါ်လာ ၁၁,၀၀၀ ကျော်မျှဖြင့် တရုတ်ပြည်ဈေးကွက် တွင် ဖေဖော်ဝါရီ ၁၅ ရက်၌ စတင်ဖြန့်ချိမည်…

https://www.carsdb.com/my/news/1018

 

ယခုဖြန့်ချိသည့် မော်ဒယ်တွင် Geely ၏ new generation NordThor hybrid system နှင့် Flyme Auto smart cockpit system များ အသုံးပြုထားသည်။

Geely Galaxy L7 EM-i ကို Geely Galaxy L7 အပေါ် အခြေခံကာ ထုတ်လုပ်ထားသည်။ရှေ့ပိုင်းတွင် LED ရှေ့မီးကြီးများရှိပြီး နောက်ဘက်တွင် EM-i logo ရှိသည်။ Dimension မှာ 4710/1905/1685 mm ဖြစ်ပြီး wheelbase မှာ 2785 mm ဖြစ်ကာ ယခင်မော်ဒယ်ထက် ၁၀ စင်တီမီတာ ပိုရှည်လာသည်။ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၁ ဒသမ ၀၅ လီတာမှ ၁ ဒသမ ၃ လီတာကြား ရှိသည်။မောင်းနိုင်သော comprehensive cruising range မှာ 1,240 km ရှိသည်။

အမြန်အားသွင်းစနစ်ဖြင့် အားသွင်းမည်ဆိုပါက ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိရရန် မိနစ် ၂၀ သာကြာမြင့်ပြီး အနှေးအားသွင်းစနစ်ဖြင့်ဆိုလျှင် ၂ ဒသမ ၇ နာရီမှ ၃ နာရီကြား ကြာမြင့်မည် ဖြစ်သည်။အတွင်းပိုင်း ဒီဇိုင်းမှာမူ သိသိသာသာ မပြောင်းလဲချေ။

Series တစ်ခုလုံးတွင် four-spoke စတီယာရင်၊ ၁၀ ဒသမ ၂၅ လက်မရှိ LCD instrument panel၊ ၁၃ဒသမ ၂ လက်မ central control screen နှင့် ၁၆ ဒသမ ၂ လက်မ co-pilot entertainment screen တို့မှာ standard အဖြစ် ပါဝင်သည်။

အံ့အားသင့်ဖွယ် ကောင်းသည်မှာ Geely က ၎င်းတို့ ကိုယ်တိုင် ထုတ်လုပ်ထားသော Dragon Eagle-1 chip ကို မသုံးဘဲ Qualcomm Snapdragon 8155 chip ကို အသုံးပြုထားခြင်း ဖြစ်သည်။

အရောင်အနေဖြင့် ရွေးချယ်စရာ ၂ မျိုးလာသည်။ အညိုနှင့် မီးခိုး ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Geely Galaxy L7 EM-i PHEV with 1,240 km range launched starting at 16,000 USD

Source: Geely Galaxy