- ပင်မစာမျက်နှာ
- ကားသတင်းများ
- GM နှင့် တရုတ်အစိုးရတို့ ပူးပေါင်း ထုတ်လုပ်သော တံခါး ၅ ပေါက် Wuling Hongguang မော်ဒယ်သစ်ကို ကန်ဒေါ်လာ ၅၄၇၅ မျှဖြင့် လာမည့် ဖေဖော်ဝါရီ ၂၂ တွင် တရုတ်ပြည်၌ စတင်ဖြန့်ချိမည်
GM နှင့် တရုတ်အစိုးရတို့ ပူးပေါင်း ထုတ်လုပ်သော တံခါး ၅ ပေါက် Wuling Hongguang မော်ဒယ်သစ်ကို ကန်ဒေါ်လာ ၅၄၇၅ မျှဖြင့် လာမည့် ဖေဖော်ဝါရီ ၂၂ တွင် တရုတ်ပြည်၌ စတင်ဖြန့်ချိမည်
- 386 views
အမေရိကန်ထိပ်သီးကားကုမ္ပဏီကြီး GM နှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီတို့ ဖက်စပ်ထုတ်လုပ်သော Wuling Hongguang Mini လျှပ်စစ်ကား၏ တံခါး ၅ ပေါက် Variant ကို လာမည့် ဖေဖော်ဝါရီ ၂၂ တွင် တရုတ်ပြည်၌ စတင်ဖြန့်ချိရန် စီစဉ်ထားသည်။
Tianyu electric architecture ဖြင့် အခြေခံ ထုတ်လုပ်ထားပြီး အလျား 3256 mm ရှိသည်။ အားအပြည့် သွင်းထားလျှင် 205 ကီလိုမောင်းနိုင်ပြီး နောက်ဝင်ရိုးတွင် 30 kW (40 hp) လျှပ်စစ်မော်တာ သုံးထားသည်။
Wuliung Hongguang Mini EV
Wuliung Hongguang Mini EV
Wuling Hongguang Mini EV ကို မြို့တွင်းစီးအတွက် ရည်ရွယ်ကာ အမေရိကန်မှ GM နှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများ ပူးပေါင်းထားသော SAIC-GM-Wuling (SGMW) ဖက်စပ်ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
First-gen ဖြစ်သော Hongguang Mini EV မှာ တံခါး ၃ ပေါက်ပါ (ကားနောက်ဘက် trunk door တံခါး အပါအဝင်) မှာ တရုတ်ပြည်ဈေးကွက်သို့ ၂၀၂၀ ပြည့်နှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီးနောက် ချက်ချင်းကျော်ကြား ခဲ့သည်။
အဆိုပါ ကားမော်ဒယ်သည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အရောင်းရဆုံး EV ဖြစ်လာခဲ့သည်။သို့သော် မကြာသေးမီကာလများအတွင်း အဆိုပါကားမှာ ရောင်းအားကျဆင်းလာခဲ့သည်။ China EV DataTracker ၏ ဖော်ပြချက်အရ Wuling သည် တရုတ်ပြည်တွင် အစင်းရေ ၂၆၁၁၄၁ ရောင်းချခဲ့ရသည်ဟု ဆိုသည်။
ယခုအခါ SGMW က တံခါး ၅ ပေါက် five-door Mini EV ကို စတိုင်သစ်ဖြင့် ထုတ်လုပ်ကာ ရောင်းအား ပြန်လည် မြှင့်တင်နိုင်ရန် ကြိုးစားလာသည်။ Dimension မှာ 3256/1510/1578 mm ဖြစ်ပြီး wheelbase မှာ 2190 mm ရှိသည်။ယခင်မော်ဒယ်ထက် 336 mm ပိုမိုရှည်လျားပြီး 17 mm ပိုမိုကျယ်ဝန်းသည်။ wheelbase မှာ 250 mm ပိုမိုရှည်လျားလာသည်။
Wuling Hongguang Mini EV မော်ဒယ်သစ်တွင် SGWM က ကိုယ်တိုင်ထုတ်လုပ်ထားသော Shenlian LFP ဘက်ထရီ အသုံးပြုထားပြီး capacity မှာ 16.2 kWh ရှိသည်။
နောက်ဝင်ရိုးတွင် 30 kW (40 hp) လျှပ်စစ်မော်တာ တပ်ဆင်ထားသည်။ အမြင့်ဆုံးမြန်နှုန်းမှာ 100 km/h ဖြစ်သည်။50 km/h အမြန်နှုန်းကို 4.9 seconds အတွင်း ရရှိနိုင်သည်။အားတစ်ကြိမ်သွင်းထားလျှင် ၂၀၅ ကီလိုထိ မောင်းနိုင်သည်။၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အားရရန် ၃၅ မိနစ်သာ ကြာသည်။ ဈေးနှုန်းမှာ ယွမ် ၄၀၀၀၀ (ကန်ဒေါ်လာ ၅၄၇၅) ဝန်းကျင် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The five-door Wuling Hongguang Mini EV will start sales on February 22 (carnewschina)