- ပင်မစာမျက်နှာ
- ကားသတင်းများ
- Nissan က Honda နှင့် ပေါင်းစည်းရန် စီစဉ်ခဲ့မှု မအောင်မြင်ခဲ့သည့်အပြင် တောက်လျှောက် အရှုံးပေါ်နေမှုများကြောင့် စက်ရုံ ၃ ခု ပိတ်သိမ်းရန်နှင့် ဝန်ထမ်းများ လျှော့ချရန် စီစဉ်လာရ
Nissan က Honda နှင့် ပေါင်းစည်းရန် စီစဉ်ခဲ့မှု မအောင်မြင်ခဲ့သည့်အပြင် တောက်လျှောက် အရှုံးပေါ်နေမှုများကြောင့် စက်ရုံ ၃ ခု ပိတ်သိမ်းရန်နှင့် ဝန်ထမ်းများ လျှော့ချရန် စီစဉ်လာရ
- 474 views
Nissan ကုမ္ပဏီသည် ဇာတ်တိုက် အရှုံးပေါ်နေမှုများကြောင့် စက်ရုံများ ပိတ်သိမ်းရန်နှင့် အလုပ်အကိုင် နေရာများ လျှော့ချရန် စီစဉ်လာရသည်။
Honda နှင့် ပေါင်းစည်းရန် ဆွေးနွေးမှုမှာလည်း မအောင်မြင်ခဲ့သောကြောင့် စီအီးအို Makoto Uchida မှာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။
သို့သော် ယခုလုပ်ဆောင်မှုများမှာ ကုမ္ပဏီအနာဂတ် ရေရာစေရန်အတွက် လုံလောက်မှု မရှိသေးကြောင်း အကဲခတ်ပုဂ္ဂိုလ်တို့က သတိပေးသည်။
စီအီးအို ယူချီဒါက လာမည့် ၂ နှစ်အတွင်း အမေရိကန်ရှိ စက်ရုံ ၃ ခု ပိတ်သိမ်းရန်နှင့် အလုပ်အကိုင်နေရာများ လျှော့ချရန် စီစဉ်လာရခြင်း ဖြစ်သည်။
Executive အဆင့် ရာထူးနေရာ ၂၀ ရာခိုင်နှုန်းခန့် လျှော့ချရန် စီစဉ်ထားပြီး ကုမ္ပဏီ ဆက်လက် ရပ်တည် နိုင်ရန် မိတ်ဖက်သစ်များ ရှာဖွေလျက် ရှိသည်။
စီအီးအို ယူချီဒါက ပြောသည်မှာ Nissan ကို Honda ၏ လက်အောက်ခံ ကုမ္ပဏီအဖြစ် ထားရှိရန် Honda ၏ ကမ်းလှမ်းမှုမှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ပြောသည်။
သို့သော် Nissan သည် အခြားသော မိတ်ဖက်လက်တွဲမှုများအတွက် တံခါးဖွင့်ထားရာ Honda နှင့် မဟာဗျူဟာမြောက် စီမံကိန်းများ အပါအဝင် ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်လက်တွဲမှုတွေ ရှာဖွေဖို့ ဆက်လက် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။”
(Nissan ၏ ယခုခြေလှမ်းကြောင့် လာမည့်ဘဏ္ဍာရေးနှစ် ၂ ခုတွင် ထုတ်လုပ်နိုင်စွမ်း အစင်းရေ ၁ သန်းခန့် ကျဆင်းသွားမည်ဖြစ်ကာ အစင်းရေ ၄ သန်းသာ ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။ ဓာတ်ပုံ-Adobe)
ဧပြီလတွင် စတင်မည့် လာမည့် ဘဏ္ဍာရေးနှစ်၏ ပထမ ၃ လပတ်ကာလအတွင်း ထိုင်းနိုင်ငံရှိ စက်ရုံကို ပထမဆုံး စတင်ပိတ်သိမ်းမည် ဖြစ်သည်။
အခြားစက်ရုံတစ်ခုကို အောက်တိုဘာနှင့် ဒီဇင်ဘာအကြား ပိတ်သိမ်းမည်ဖြစ်ပြီး တတိယ စက်ရုံတစ်ခုကို ၂၀၂၇ ခုနှစ် မတ်လတွင် ပိတ်သိမ်းရန် စီစဉ်ထားသည်။
အဆိုပါ စက်ရုံ ၂ ခု၏ တည်နေရာကိုမူ စီအီးအို ယူချီဒါက ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။
အမေရိကန်တွင်မူ Nissan က တင်နက်ဆီပြည်နယ်၊ Smyrna မြို့ရှိ စက်ရုံနှင့် မစ္စစ္စပီပြည်နယ်၊ Canton မြို့ရှိ စက်ရုံများတွင် အလုပ်ဆိုင်းများ လျှော့ချသွားမည် ဖြစ်သည်။
ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ အရောင်းနှင့် အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်းများကိုလည်း လျှော့ချရန် စီစဉ်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Nissan to close 3 factories, cut shifts in U.S., in bid to end string of quarterly net losses
Photo Credit-Adobe