- ပင်မစာမျက်နှာ
- ကားသတင်းများ
- General Motors နှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဖက်စပ်ထုတ်လုပ်သော Wuling Zhiguang အမည်ရှိ လျှပ်စစ်ကား မော်ဒယ်သစ် တရုတ်ပြည်တွင် စတင်ဖြန့်ချိလာ၊ အားတစ်ကြိမ်သွင်းထားလျှင် ၂၀၁ ကီလိုမောင်းနိုင်ပြီး ဈေးနှုန်း ၆၅၉၀ ဒေါ်လာသာရှိ
General Motors နှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဖက်စပ်ထုတ်လုပ်သော Wuling Zhiguang အမည်ရှိ လျှပ်စစ်ကား မော်ဒယ်သစ် တရုတ်ပြည်တွင် စတင်ဖြန့်ချိလာ၊ အားတစ်ကြိမ်သွင်းထားလျှင် ၂၀၁ ကီလိုမောင်းနိုင်ပြီး ဈေးနှုန်း ၆၅၉၀ ဒေါ်လာသာရှိ
- 183 views
တရုတ်ပြည်တွင် SGMW အမည်ရှိ ဖက်စပ်ကုမ္ပဏီကြီးရှိသည်။
ရှန်ဟိုင်းမြို့ အခြေစိုက် တရုတ်အစိုးရပိုင် SAIC ကားကုမ္ပဏီကြီး၊ အမေရိကန်ထိပ်သီး ကားကုမ္ပဏီကြီး General Motors နှင့် တရုတ်အစိုးရပိုင် Guangxi Auto ကားကုမ္ပဏီတို့ ပူးပေါင်းထားသော ဖက်စပ်ကုမ္ပဏီဖြစ်ကာ တရုတ်ပြည် အနောက်တောင်ပိုင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လျိုကျိုးမြို့တွင် အခြေစိုက်သည်။
ပြီးခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်တွင် SGMW က Wuling Zhiguang အမည်ရှိ လျှပ်စစ်ကား မော်ဒယ်သစ်ကို တရားဝင်စတင်ဖြန့်ချိလိုက်သည်။
ဘက်စုံသုံးယာဉ် (Multi-purpose vehicle-MPV) အမျိုးအစားဖြစ်ပြီး ဈေးတန်းမှာ ယွမ် ၄၇၈၀၀ မှ ၅၀၈၀၀ ကြား (ကန်ဒေါ်လာ ၆၅၉၀ မှ ၇၀၀၀ ကြား) သာရှိရာ EV များတွင် ဈေးအသက်သာဆုံးဟု ဆိုနိုင်သည်။
စခန်းချပျော်ပွဲစားထွက်ခြင်း၊ ရွေ့လျားဈေးဆိုင်များအနေဖြင့် ဈေးရောင်းခြင်း၊ ခရီးတို သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခြင်းများ လုပ်ဆောင်ရန် သင့်တော်သည်။
Wuling Zhiguang ၏ dimension မှာ 3685/1530/1765 mm ရှိပြီး wheelbase မှာ 2600 mm ဖြစ်သည်။
ရှေ့ဘက် Wuling လိုဂိုအောက်တွင် အမြန်နှင့် အနှေးအားသွင်းပေါက် ၂ ခုလုံး ရှိသည်။
အမိုးပေါ်တွင် 2070 mm ရှိသော luggage rack ထည့်ပေးထားသည်။
ရှေ့ခန်းတွင် ၄ ဒသမ ၂ လက်မ instrument panel ရှိပြီး dashboard အလယ်ဗဟိုတွင် ရေဒီယိုနှင့် ထောင့်မှန်စတုဂံပုံ လေအေးထွက်ပေါက်များ ရှိသည်။
Wuling Zhiguang ၏ Series တစ်ခုလုံးတွင် ချည်သားထိုင်ခုံများ၊ စပီကာ ၂ ခု၊ remote control သော့၊ ကလေးငယ်များအတွက် ISOFIX စံနှုန်းနှင့်အညီ Safety seat တပ်ဆင်ရန်နေရာနှင့် anti-lock braking system တို့ ပါသည်။
Power comes from a rearနောက်ဘက်တွင် permanent magnet synchronous မော်တာသုံးထားပြီး ပါဝါအထွက် 30 kW (40 hp) ရှိကာ အမြင့်ဆုံးရုန်းအားမှာ 85 Nm ဖြစ်သည်။
အသုံးပြုထားသည့် ဘက်ထရီမှာ 17.7 kWh လီသီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီ ဖြစ်သည်။
အမြင့်ဆုံး မြန်နှုန်းမှာ 100 km/h ဖြစ်ပြီး အားတစ်ကြိမ်သွင်းထားလျှင် ၂၀၁ ကီလိုမီတာအထိ မောင်းနိုင်သည်။
အမြန်အားသွင်းစနစ်ဖြင့်ဆိုလျှင် ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိ ရရန် ၃၅ မိနစ်ကြာမည်ဖြစ်ပြီး အနှေးအားသွင်းစနစ်ဖြင့်ဆိုလျှင် ၂၀ မှ ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရန် ၅ နာရီခွဲ ကြာမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Wuling Zhiguang EV with 201 km range enters market at 6,590 USD