- ပင်မစာမျက်နှာ
- ကားသတင်းများ
- Chery ၏ မော်ဒယ်သစ်ဖြစ်သော Fulwin T8 PHEV မှာ 2078.6 km မောင်းနိုင်ပြီး လာမည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင် ဖြန့်ချိရန် စီစဉ်ထား
Chery ၏ မော်ဒယ်သစ်ဖြစ်သော Fulwin T8 PHEV မှာ 2078.6 km မောင်းနိုင်ပြီး လာမည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင် ဖြန့်ချိရန် စီစဉ်ထား
- 221 views
Chery က ၎င်းတို့၏ ကားမော်ဒယ်သစ်ဖြစ်သော Fulwin T8 plug-in hybrid SUV ကို လာမည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် တရုတ်ပြည်၌ တရားဝင် စတင် ဖြန့်ချိမည်ဖြစ်ကြောင်း ကြေညာသည်။
ဇန်နဝါရီလအတွင်း အဆိုပါ မော်ဒယ်ကို အနိမ့်ဆုံး ကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် pre-sale စတင် ရောင်းချပေးခဲ့သည်။
အဆိုပါ မော်ဒယ်မှာ six trims လာပြီး ထိုင်ခုံအနေဖြင့် five- & seven-seat ဟူ၍ ၂ မျိုး ရွေးချယ်စရာ ရှိသည်။
T8 အပါအဝင် Fulwin series’ T-family တွင် စုစုပေါင်း SUV model ၄ မျိုးရှိပြီး T6, T9 နှင့်T10 ဟူ၍ ဖြစ်သည်။
The Fulwin T8 ၏ Dimension မှာ 4730/1860/1747 mm ဖြစ်ပြီး wheelbase မှာ 2710 mm ဖြစ်သည်။
ပစ္စည်း ထားသိုခန်းကို 1930 L အထိ ချဲ့ထွင်နိုင်သည်။
The onboard level 2.9 intelligent driving assistance system သုံးထားပြီး safety functions ၁၈ မျိုး Support ပေးသည်။
lane departure assist, adaptive cruise control နှင့် traffic jam assist တို့ ဖြစ်သည်။
The plug-in hybrid system ဖြစ်ပြီး အင်ဂျင်အတွက် ရွေးချယ်စရာ ၂ မျိုးလာသည်။
1.5L အင်ဂျင်နှင့် 1.5T turbocharged အင်ဂျင်တို့ ဖြစ်သည်။
အဆိုပါ အင်ဂျင်များကို ရှေ့ပိုင်းလျှပ်စစ်မော်တာဖြင့် ပေါင်းစပ်ပေးထားသည်။
1.5 L အင်ဂျင်၏ အမြင့်ဆုံး အထွက်အားမှာ 75 kW (101 hp) ရှိပြီး ရုန်းအား 125 Nm ရှိသည်။
Turbocharged-အင်ဂျင်မှာ အထွက်အား 115 kW (154 hp) ရှိပြီး ရုန်းအားမှာ 220 Nm ဖြစ်သည်။
ရှေ့မော်တာ၏ အထွက်အားမှာ150 kW (201 hp) နှင့် 310 Nm ဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်းမှာ 208 km/h ဖြစ်သည်။
လီသီယမ်အိုင်းယွန်း ဖော့စဖိတ်ဘက်ထရီသုံးထားပြီး လျှပ်စစ်အား သီးသန့်ဖြင့် မောင်းလျှင် ၆၅ ကီလိုမီတာနှင့် ၁၃၀ ကီလိုမီတာဟူ၍ range ၂ မျိုးရှိသည်။
WLTC comprehensive range အနေဖြင့် 1,200 km အထိ မောင်းနိုင်ကြောင်း Chery က ကြေညာထားသည်။
ဆီအပြည့်ထည့် အားအပြည့်သွင်းထားလျှင် 2078.6 km အထိ comprehensive range ရှိသည်။
WLTC comprehensive ၏ ဆီစားနှုန်းမှာ 1.3L/100km သာရှိရာ ဆီစားအလွန်သက်သာသည်။
Under fast charging, it takes the 1.5T trims ကို အမြန်အားသွင်းစနစ်ဖြင့် အားသွင်းလျှင် 30% to 80% အထိ အားရရန် ၁၉ မိနစ်သာ ကြာသည်။
ကားရှေ့ခန်းတွင် ခရမ်းရောင်မီးများ၊ အင်္ဂလိပ်အက္ခရာ D ပုံသဏ္ဌာန် စတီယာရင်၊ ၁၅ ဒသမ ၆ လက်မ အရွယ်အစားရှိ 2.5K floating center control screen နှင့် ၁၀ ဒသမ ၂၅ လက်မ ရှိသော full LCD instrument panel တို့ ရှိသည်။
Chery ၏ Lion5.0 smart cockpit system သုံးထားပြီး Qualcomm Snapdragon 8155 chip ဖြင့် Run သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chery Fulwin T8 PHEV with 2078.6 km range will enter market on February 22