- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရဲတပ်ဖွဲ့မှ သေနတ်အချက်ပေါင်း ၁၃၀ ပစ်ခတ်ဖမ်းဆီးခဲ့ရသော လူသတ်သမားစုံတွဲ BONNIE AND CLYDE သေဆုံးချိန်တွင်စီးနင်းခဲ့သော Ford V8 ကား
ရဲတပ်ဖွဲ့မှ သေနတ်အချက်ပေါင်း ၁၃၀ ပစ်ခတ်ဖမ်းဆီးခဲ့ရသော လူသတ်သမားစုံတွဲ BONNIE AND CLYDE သေဆုံးချိန်တွင်စီးနင်းခဲ့သော Ford V8 ကား
- 349 views
ရဲတပ်ဖွဲ့မှ သေနတ်အချက်ပေါင်း ၁၃၀ ပစ်ခတ်ဖမ်းဆီးခဲ့ရသော လူသတ်သမားစုံတွဲ BONNIE AND CLYDE သေဆုံးချိန်တွင်စီးနင်းခဲ့သော Ford V8 ကား
ကမ္ဘာအရပ်ရပ်မှ နာမည်ကြီးသော ကားတိုင်း ကြောက်မက်ဖွယ် နာနာဘာဝအတိတ်ဇာတ်ကြောင်းများ၊ မူးယစ်ဂိုဏ်းခေါင်းဆောင်များ၊ စံပြုထိုက်သော ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ စီးနင်းခဲ့သော ကားဟူ၍ ကိုယ်ပိုင်စိတ်ဝင်စားဖွယ် ပုံပြင်များကိုယ်စီရှိကြပေလိမ့်မည်။
ယခုရေးသားဖော်ပြမည့် ၁၉၃၄ ခုနစ်ထုတ် Ford V8 ကားသည်လည်း စီးနင်းသူ ပိုင်ရှင်များကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သည်။ ထိုသူတို့မှာ အမေရိကန်မှုခင်းသမိုင်းတွင် နာမည်ဆိုးနှင့်ကျော်ကြားခဲ့သော လူသတ်သမားစုံတွဲ ဘွန်နီနှင့်ကလိုက် တို့ဖြစ်သည်။
၁၉၂၉ ခုနှစ် နှင့် ၁၉၃၉ ခုနှစ်ကြား အမေရိကန် စီးပွားပျက်ကပ် Great Depression ကာလတွင် ကလိုက် ချက်စ်နပ် ဘယ်ရိုး(လ်) နှင့် ဘွန်နီ အဲလိဇဘက် ပါ့ကာတို့ ဦးဆောင်သော ဘယ်ရိုးညီနောင်များဂိုဏ်းသည် လက်နက်ကိုင်ဆောင် ဓားပြတိုက်ရာမှစ လူသတ်၊ ဓားပြတိုက်၊ ထောင်ဖောက်တဲ့အထိ မကောင်းမှုဒုစရိုက်များစွာ အုပ်စုဖွဲ့ကျုးလွန်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း ၁၃ ဦးထက်မနည်း သတ်ဖြတ်ခဲ့သည်။
ဘဏ်နှင့်စတိုးဆိုင်များစွာကို ဓားပြတိုက်ခဲ့ပြီး ရဲတပ်ဖွဲ့မှ အပူတပြင်း လိုက်လံဖမ်းဆီးသည့် အခါတွင်တော့ တောပုန်းသူပုန်အဖွဲ့အနေဖြင့် ပုန်းခိုနေထိုင်ခဲ့ပြန်သည်။ တောပုန်းနေစဉ်တစ်လျောက်လုံးမှာလည်း မျက်စိရှေ့တွေ့သမျှ လူသတ်၊ ဓားပြတိုက်မှုများကျုးလွန်ဆဲဖြစ်သည်။
၁၉၃၂ နွေဦးမှ ၁၉၃၄ ခုနှစ် မေလအထိ လူသတ်ဂိုဏ်းအားဦးဆောင်လျက် အုပ်စုဖွဲ့ရာဇဝတ်မှုများကျုးလွန်ခဲ့ရာ ၁၉၃၄ ခုနှစ် မေ ၂၃ ရက်နေ့မှာတော့ လူသတ်စုံတွဲအား ရဲတပ်ဖွဲ့မှအမိအရ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်။
၁၉၄၃ မေလ ၂၃ ရက်နေ့တွင် ဘွန်နီနှင့်ကလိုက်စုံတွဲသည် အဆိုပါ Ford V8 ကားကိုစီးနှင်းကာ Louisiana ပြည်နယ်ရှိ Henry Methvin နေထိုင်ရာအိမ်သို့ အလည်အပတ်သွားရောက်ရန် မောင်းနှင်လာခဲ့သည်။ ဘွန်နီနှင့်ကလိုက်လာမည်ကို ကြိုတင်သတင်းရရှိသော ရဲတပ်ဖွဲ့မှ မေလ ၂၃ ရက်နေ့ မနက်တွင် သွားရောက်စောင့်ဆိုင်းနေပြီး Ford V8 ကား ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် ရိုင်ဖယ်သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ဖမ်းဆီးခဲ့သည်။
ကျည်ဆံအချက်ရေပေါင်း ၁၃၀ ပစ်ခတ်ခဲ့ပြီး ၁၁၂ ချက်မှာ ကားကို ထိမှန်ခဲ့သည်။ လူသတ်ခေါင်းဆောင် ကလိုက်သည် ကျည်ဆန် ၂၆ ချက်ထိမှန်သေဆုံးခဲ့ပြီး ဘွန်နီမှာတော့ ကျည်ဆန်ရာ ၁၇ ချက် ထိမှန်သေဆုံးခဲ့သည်။
အဆိုပါကျည်ဆန်အပေါက်ရာများစွာနှင့်ကားကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပြီး အမေရိကန်နိုင်ငံ Nevada မြို့ Whiskey Pete's in Primm ၌ ခရီးသွားလေ့လာသူများ ကြည့်ရှုနိုင်ရန် ပြသထားသည်။
ဘွန်နီ ကလိုက် စုံတွဲနှင့် သူတို့ဦးဆောင်သော ဘယ်ရိုးညီနောင်များဂိုဏ်းတို့အကြောင်း ရုပ်ရှင်ဇာတ်ကားများ ဖန်တီးရိုက်ကူး ထုတ်ဝေခဲ့သည့်အထိ ကျော်ကြားခဲ့သည်။ ဘွန်နီနှင့်ကလိုက်စုံတွဲနှစ်ဦးကြားထားရှိသော သစ္စာ၊ချစ်ခြင်းမေတ္တာကို စာအုပ်၊ပြဇာတ်၊သီချင်းများစွာရေးသားဖန်တီး ဖော်ပြခဲ့သည်မှာ ယခုအချိန်ထိတိုင်ဖြစ်ပါတော့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com