- ပင်မစာမျက်နှာ
- ကားသတင်းများ
- Xiaomi ထုတ် SU7 Ultra ဆီဒင်များ ပေကျင်းမြို့ စက်ရုံတွင် အလုံးအရင်း ထုတ်လုပ်ပြီးစီး၊ မြင်းကောင်ရေ ၁၅၀၀ အားရှိပြီး အားတစ်ကြိမ်သွင်းထားလျှင် ကီလို ၆၂၀ မောင်းနိုင်
Xiaomi ထုတ် SU7 Ultra ဆီဒင်များ ပေကျင်းမြို့ စက်ရုံတွင် အလုံးအရင်း ထုတ်လုပ်ပြီးစီး၊ မြင်းကောင်ရေ ၁၅၀၀ အားရှိပြီး အားတစ်ကြိမ်သွင်းထားလျှင် ကီလို ၆၂၀ မောင်းနိုင်
- 448 views
Xiaomi SU7 Ultra လျှပ်စစ်ဆီဒင်များကို ပေကျင်းမြို့ရှိ စက်ရုံတွင် အလုံးအရင်း ထုတ်လုပ်ပြီးစီးထားသည့် ဓာတ်ပုံများ ထွက်ပေါ်လာသည်။
လျှပ်စစ်မော်တာ ၃ လုံးသုံးထားပြီး အမြင့်ဆုံးပါဝါအထွက် 1138 kW (1526hp) ရှိသည်။
Xiaomi သည် Xiaomi SU7 Ultra ကို အလုံးအရင်းစတင်ထုတ်လုပ်နေဟန်ရှိပြီး လာမည့်မတ်လတွင် စတင်ရောင်းချ ဖြန့်ချိသွားရန် စီစဉ်ထားသည်။
Xiaomi SU7 Ultra ကို စတင်မိတ်ဆက်ချိန်က အမြန်ဆုံး four-door sedan အဖြစ် ရပ်တည်ခဲ့သည်။
Xiaomi SU7 Ultra သည် Xiaomi SU7 ၏ မျိုးကွဲတစ်ခုဖြစ်ပြီး high-performance variant ဖြစ်သည်။
လွန်ခဲ့သော အောက်တိုဘာ ၂၉ ရက်က presale စတင်ရောင်းချပေးခဲ့ပြီး ဈေးနှုန်း ယွမ် ၈၁၄၉၀၀ (ကန်ဒေါ်လာ ၁၁၃၂၀၀) ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
ဈေးနှုန်းအလွန်မြင့်မားသည်ဟုဆိုနိုင်သော်လည်း စတင်မိတ်ဆက်ခဲ့ချိန်က presentation ပြီးဆုံးသွားချိန် ၁၀ မိနစ်အတွင်း preorder မှာယူမှု အစင်းရေ ၃၆၈၀ ရှိခဲ့သည်။
မတ်လတွင်မှ စတင်ဖြန့်ချိရန် စီစဉ်ထားသော်လည်း Xiaomi က Xiaomi SU7 Ultra တို့ကို ဦးဦးဖျားဖျား ရောင်းချမှုအနေဖြင့် စတင်ရောင်းချပေးမည့်ဟန်လည်း ရှိနေသည်။
Xiaomi SU7 Ultra အလုံးအရင်းထုတ်လုပ်မှုကို မည်သည့်အချိန်က စတင်ခဲ့သည် မသိရသော်လည်း Xiaomi SU7 ကိုမူ ပြီးခဲ့သော ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက အလုံးအရင်းစတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
Xiaomi ၏ ပေကျင်းစက်ရုံသည် ပုံမှန် Xiaomi SU7 မော်ဒယ်၏ ဝယ်လိုအားကို အမှီဖြည့်တင်းပေးနိုင်သည့် ထုတ်လုပ်နိုင်စွမ်း မရှိသေးချေ။
Xiaomi SU7 မော်ဒယ်တစ်စင်း မှာယူထားလျှင် စောင့်ဆိုင်းရချိန်မှာ ၂၁ ပတ်မှ ၂၉ ပတ်ကြား (၅ လမှ ၇ လကြား) ကြာမြင့်သည်။
Xiaomi SU7 Ultra တွင် လျှပ်စစ်မော်တာ ၃ လုံး သုံးထားပြီး စုစုပေါင်း ပါဝါအထွက်မှာ 1138 kW (1526 hp) ရှိကာ အမြင့်ဆုံးရုန်းအားမှာ 1770 Nm ရှိသည်။
0-100 kmph ကို ၁ ဒသမ ၉၈ စက္ကန့်ဖြင့် ရရှိနိုင်သည်ဟုဆိုရာ premium ICE ကားများထက် အလွန်မြင့်မားသည့် စွမ်းဆောင်ရည် ဖြစ်သည်။
EV တို့မှာ အထမြန်သည့်အချက်မှာလည်း တစ်ကြောင်းပါသည်။
Xiaomi SU7 Ultra တွင် အကြီးမားဆုံး Carbon ceramic brake disc များ သုံးထားသည်။
ရှေ့ဘက်တွင် Akebono 6-piston caliper သုံးထားပြီး နောက်ဘက်တွင် 4-piston caliper ကို သုံးထားသည်။
Carbon ceramic ဘရိတ်များသည် အပူချိန် ၁၃၀၀ ဒီဂရီ ဆဲစီးယပ်အထိ ခံနိုင်ရည် ရှိသည်။
Xiaomi SU7 Ultra တွင် CATL ထုတ် 93.7 KWh လီသီယမ် မန်ဂနိစ် ကိုဘော့အောက်ဆိုဒ် ဘက်ထရီကို အသုံးပြုထားပြီး အားသွင်းစနစ်မှာ 5.2C DC ဖြစ်သည်။
ဘက်ထရီ ၁၀ မှ ၈၀ ရာခိုင်နှုန်းကို အားသွင်းရန်ကြာချိန်မှာ ၁၁ မိနစ်ဖြစ်သည်။
Xiaomi SU7 Ultra ကို အားတစ်ကြိမ်သွင်းထားလျှင် ၆၂၀ ကီလို မောင်းနိုင်သည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Xiaomi SU7 Ultra sedans with 1,500 hp pile up at the Beijing factory