- ပင်မစာမျက်နှာ
- ကားသတင်းများ
- Geely က အစင်းရေ ၁၀၀,၀၀၀ မြောက် Galaxy E5 ကို ထုတ်လုပ်ကာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့
Geely က အစင်းရေ ၁၀၀,၀၀၀ မြောက် Galaxy E5 ကို ထုတ်လုပ်ကာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့
- 246 views
Geely သည် အစင်းရေ ၁၀၀,၀၀၀ မြောက် Geely Galaxy E5 ကို ထုတ်လုပ်ရေးလိုင်းမှ ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်လုပ်ကာ သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။
၂၀၂၄ ခုနှစ်အတွင်း Galaxy E5 အစင်းရေ ၇၇၆၈၅ အထိ ဖြန့်ချိရောင်းချခဲ့ရရာ A-Class လျှပ်စစ် SUV များအနက် အဆိုပါပမာဏ အမြန်ဆုံးရောင်းချခဲ့နိုင်မှုအဖြစ်လည်း စံချိန်တင်ခဲ့ကြောင်း Geely က ပြောသည်။
ထို့အပြင် Galaxy E5 သည် စတင်မိတ်ဆက်ဖြန့်ချိသည့်ကာလမှ စတင်ပြီး ၈၅ ရက်မျှအတွင်း အစင်းရေ ၄၀,၀၀၀ အထိ လည်းကောင်း၊ ရက်ပေါင်း ၁၀၀ အကြာတွင် အစင်းရေ ၅၀,၀၀၀ ကျော်နှင့် ၁၁၉ ရက်အကြာတွင် အစင်းရေ အစင်းရေ ၆၀၀၀၀ ကျော် ရောင်းချနိုင်ခဲ့ရာ တစ်လလျှင် ပျမ်းမျှအစင်းရေ ၁၅,၀၀၀ ခန့် ရောင်းချခဲ့ ရသည်။
Galaxy E5 SUV ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်တွင်စတင်ဖြန့်ချိခဲ့ပြီး Trim ၅ မျိုးလာသည်။
ဈေးတန်းမှာ ယွမ် ၁၀၉၈၀၀ မှ ၁၄၅၈၀၀ ကြား (ကန်ဒေါ်လာ ၁၅၃၀၀ မှ ၂၀၃၀၀ ကြား) ရှိသည်။
အရောင်အနေဖြင့် အနီ၊ ငွေရောင်၊ အစိမ်း၊ မီးခိုး၊ ပန်းရောင်နှင့် အဖြူဟူ၍ ၆ မျိုးလာသည်။
Galaxy E5 ၏ dimension မှာ 4615/1901/1670 mm ဖြစ်ပြီး wheelbase မှာ 2750mm ဖြစ်သည်။
အလေးချိန်အနေဖြင့် ၁၆၁၅ ကီလိုဂရမ်မှ ၁၇၄၀ ကီလိုဂရမ်ကြား အမျိုးမျိုးရှိသည်။
Galaxy E5 ကို Geely GEEA 3.0 အပေါ်တွင် အခြေခံတည်ဆောက်ထားပြီး အွန်လိုင်းမှတဆင့် ဆော့ဖ်ဝဲ update ပြုလုပ်နိုင်သည်ဟု ဆိုသည်။
Galaxy E5 တွင် 11 in 1 intelligent electric drive system အသုံးပြုထားသည်။
အလေးချိန် ၇၉ ဒသမ ၈ ကီလိုဂရမ်ရှိပြီး efficiency မှာ ၉၀ ဒသမ ၀၄ ရာခိုင်နှုန်း ရှိသည်။
လျှပ်စစ်မော်တာ၏ အမြင့်ဆုံးပါဝါနှင့် ရုန်းအားမှာ 160KW (215hp)/ 320Nm ရှိသည်။
အမြင့်ဆုံးမြန်နှုန်းမှာ ၁၈၀ kmph ဖြစ်ပြီး official Moose test မှာ 78 kmph ဖြစ်သည်။
0-100 kmph အမြန်နှုန်းကို ၆ ဒသမ ၉ စက္ကန့်အတွင်း ရနိုင်သည်ဟု ဆိုသည်။
ဘက်ထရီမှာ Geely ထုတ် new gen ဖြစ်သော Aegis လီသီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီကို သုံးထားသည်။
ပါဝါအထွက်အနေဖြင့် 49.52 kWH နှင့် 60.22 kWH ဟူ၍ ၂ မျိုးလာသည်။
အားတစ်ကြိမ်သွင်းထားလျှင် မောင်းနိုင်သော range မှာ 440 km နှင့် 530 km အသီးသီးရှိသည်။
အမြန်အားသွင်းစနစ်ဖြင့် ၁၀ မိနစ်အားသွင်းလျှင် ၁၃၅ ကီလိုမောင်းနိုင်သည်။ မိနစ် ၂၀ အားသွင်းမည်ဆိုပါက ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အားဝင်နိုင်သည်။
အနှေးအားသွင်းစနစ်ဖြင့်ဆိုလျှင်မူ ၁၀ ရာခိုင်နှုန်းမှ အားအပြည့်အထိရရန် ၉ နာရီ ကြာမြင့်မည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 100,000th Geely Galaxy E5 rolled off production line in China (Source: Geely, Xchuxing)