- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် ချစ်ကြိုက်နေသည်ဟု ကောလာဟလ သတင်းများ ထွက်နေသော ရုပ်ရှင်မင်းသမီး ဂျနီဖာ အန်နစ္စတန် ပိုင်ဆိုင်ထားသည့် မော်တော်ကားများ
အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် ချစ်ကြိုက်နေသည်ဟု ကောလာဟလ သတင်းများ ထွက်နေသော ရုပ်ရှင်မင်းသမီး ဂျနီဖာ အန်နစ္စတန် ပိုင်ဆိုင်ထားသည့် မော်တော်ကားများ
- 1835 views
((ဂျနီဖာ အန်နစ္စတန်နှင့် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားတို့ တွဲနေသည်ဟူသော ကောလာဟလ))
အမေရိကန်သမ္မတတို့၏ အချစ်ရေးကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြသည်။
သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် အိမ်ဖြူတော်ဝန်ထမ်း မော်နီကာ လီဝင်းစကီးတို့၏ ဇာတ်လမ်းမှာ documentary များထွက်သည်အထိ ဟိုးလေးတကြော် ဖြစ်ခဲ့သည်။
ယင်းနောက် သမ္မတ ဒေါ်နယ်ထရမ့်သည် အပြာမယ်တစ်ဦးနှင့် one night stand နေခဲ့ဖူးသည်ဟူသော သတင်းကို ဖော်ပြခဲ့သည့် သတင်းမီဒီယာ များစွာရှိသည်။
ယခုအခါ အိုဘားမား၏ သတင်း ပေါ်ပေါက်လာပြန်သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဂျနီဖာ အန်နစ္စတန်နှင့် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားတို့ တွဲနေသည်ဟူသော ကောလာဟလများကို ကမ္ဘာကျော် သတင်းမီဒီယာများစွာက ဖော်ပြခဲ့ကြသည်။
အဆိုပါ ကောလာဟလစတင်ခဲ့သည်မှာ နာမည်ကျော် အမေရိကန်သတင်းဌာနတစ်ခုဖြစ်သော Touch Weekly ၏ print edition တွင် ဖော်ပြခဲ့သော cover story တစ်ခုမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ထို cover story ကို The Truth About Jen & Barack ဟု ခေါင်းစဉ်တပ်ထားသည်။
အဓိက ရေးသားဖော်ပြထားသည်မှာ ဂျနီဖာအန်နစ္စတန်နှင့် အိုဘားမားတို့သည် တစ်ဦးအပေါ်တစ်ဦး စွဲလမ်းနေကြကြောင်း၊ ထိုအခြေအနေကို အိုဘားမား၏ ဇနီးဖြစ်သူ မီရှဲလ်က မနာလို သဝန်တိုနေကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။
အဆိုပါ ကောလာဟလကို အထောက်အပံ့ပေးနေသည့် ဖြစ်ရပ်များလည်း ဆက်လက်ဖြစ်ပွားခဲ့ရာ အထင်ကရ ပွဲလမ်းများကို အိုဘားမားက မီရှဲလ် မပါဘဲ တစ်ဦးတည်း တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
အိုဘားမားသည် ဇန်နဝါရီလ ၉ ရက်က အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၏ နိုင်ငံတော်ဈာပန အခမ်းအနားသို့ ဇနီးဖြစ်သူ မီရှဲလ်မပါဘဲ တစ်ဦးတည်း တက်ရောက်ခဲ့သည်။
သက်ရှိထင်ရှား သမ္မတဟောင်း ၅ ဦးလုံး ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ရာတွင် အခြားသမ္မတဟောင်းများမှာ ဇနီးများ ပါလာသော်လည်း အိုဘားမားသာ တစ်ဦးတည်း ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဒေါ်နယ်ထရမ့်၏ မကြာသေးမီက သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့လည်း အိုဘားမား တစ်ဦးတည်း ရောက်လာခြင်းမှာ ကောလာဟလများကို မီးထိုးပေးနေသည့် ဖြစ်ရပ်များ ဖြစ်ခဲ့သည်။
((ဂျနီဖာ အန်နစ္စတန်၏ မော်တော်ကားများ))
ဂျနီဖာ အန်နစ္စတန်၏ လက်ရှိကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၂၀ ခန့်ရှိသည်။
ဂျနီဖာ အန်နစ္စတန်သည် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည့်အပြင် တန်ဖိုးကြီးမော်တော်ကားပေါင်း များစွာလည်း ဝယ်ယူထားသည်။
(ဂျနီဖာ အန်နစ္စတန်သည် Friends ရုပ်သံအစီအစဉ်တွင် Rachel Greene အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုမှာ အလွန်အောင်မြင်ခဲ့သည်။ ဓာတ်ပုံ- @jenniferaniston/Instagram)
InStyle ၏ podcast အစီအစဉ်တစ်ခုဖြစ်သော Ladies First တွင် Laura Brown နှင့် တွေ့ဆုံမေးမြန်းခန်း၌ ဂျနီဖာအန်နစ္စတန်က သူ ပထမဆုံး စွဲလမ်းခဲ့သော ကားမှာ vintage Mercedes 270 SL ဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့သည်။
အဆိုပါကားကို နောင်တစ်နေ့တွင် ဝယ်နိုင်ပါက အလွန်ကောင်းမည်ဟု တွေးခဲ့ဖူးကြောင်း အန်နစ္စတန်က ပြောသည်။
ယင်းနောက် Friends ရုပ်သံအစီအစဉ်၏ first season အတွင်း ထိုကားကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ကားတန်ကြေးမှာ ကန်ဒေါ်လာ ၁၃၀၀၀ ခန့်ရှိကြောင်း အန်နစ္စတန်က ပြောသည်။
အောက်တွင် ဂျနီဖာ အန်နစ္စတန် ပိုင်ဆိုင်ထားသော ကားများကို စုစည်းဖော်ပြထားပါသည်။
● Bentley Continental GT: (ကန်ဒေါ်လာ ၂၀၀,၀၀၀)
(ဂျနီဖာ အန်နစ္စတန် ပိုင်ဆိုင်ထားသော ကားများတွင် Bentley Continental GT လည်း ပါဝင်သည်။ ဓာတ်ပုံ- @dealsonwheelsae/Twitter)
၂၀၁၀ ပြည့်နှစ်အတွင်း Bounty Hunter ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲတွင် ဂျနီဖာအန်နစ္စတန်ကို ယခုကားနှင့်အတူ တွေ့ခဲ့ဖူးကြောင်း PopSugar က ဖော်ပြသည်။
● Audi A8 (ကန်ဒေါ်လာ ၉၁၀၀၀)
(Audi A8 မှာ အနိမ့်ဆုံး ကန်ဒေါ်လာ ၈၆၀၀၀ မှစသည်။ ဓာတ်ပုံ- @AudiOfficial/Twitter)
AutoBizz ကားသတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ဂျနီဖာအန်နစ္စတန်တွင် three-litre TFSI V6 အင်ဂျင် တပ်ဆင်ထားသော Audi A8 တစ်စင်းရှိပြီး တန်ကြေး ကန်ဒေါ်လာ ၉၁၀၀၀ ဖြစ်ကြောင်း ဖော်ပြသည်။
(Audi A8 ၏ သားနားသော အတွင်းပိုင်း။ ဓာတ်ပုံ-AudiOfficial/Twitter)
● Range Rover SUV (ကန်ဒေါ်လာ ၉၀၀၀၀)
(ဂျနီဖာအန်နစ္စတန်တွင် Range Rover တစ်စင်းထက်မက ပိုင်ဆိုင်ထားသည်ဟု သိရသည်။ ဓာတ်ပုံ- @anistonomg/Twitter)
ဂျနီဖာ အန်နစ္စတန် ပိုင်ဆိုင်ထားသော RR များအနက် တစ်စင်းမှာ ၂၀၁၉ မော်ဒယ်ဖြစ်ပြီး three-litre supercharged V6 အင်ဂျင်သုံးထားကာ တန်ကြေး ဒေါ်လာ ၉၀၀၀၀ ရှိသည်ဟု ဆိုသည်။
● Toyota Prius hybrid (ကန်ဒေါ်လာ ၂၂၀၀၀)
(eco-friendly ဖြစ်မှုဖြင့် နာမည်ကျော်သော Toyota Prius III hybrid ။ ဓာတ်ပုံ-@SAGutah/Twitter)
Autobizz ၏ဖော်ပြချက်အရ ဂျနီဖာ အန်နစ္စတန်သည် လီယိုနာဒို ဒီကာပရီယို၏ ထောက်ခံအကြံပြုချက်အရ Toyota Prius ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
● Porsche 911 Targa (ကန်ဒေါ်လာ ၁၅၀၀၀၀)
(Porsche 911 Targa သည် Limited edition ဖြစ်ပြီး အစင်းရေ ၇၅၀ သာ ထုတ်လုပ်ထားသည်။
ဓာတ်ပုံ-Porsche)
ဂျနီဖာ အန်နစ္စတန်သည် လော့စ်အိန်ဂျလိမြို့ ဘီဗာလီဟေးလ်ရှိ အလှပြင်ဆိုင်တစ်ခုသို့ Porsche 911 Targa ဖြင့် သွားခဲ့သည်ကို မကြာသေးမီက တွေ့ရသည်။
(ဂျနီဖာ အန်နစ္စတန် ဘယ်သူလဲ))
ဂျနီဖာ အန်နစ္စတန် (မွေး ၁၉၆၉) သည် အမေရိကန်ရုပ်ရှင်မင်းသမီး၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်သည်။
ရုပ်ရှင်သက်တမ်းတစ်လျှောက် ဆုပေါင်းများစွာ ရရှိခဲ့ရာ Primetime Emmy ဆု၊ Golden Globe ဆုနှင့် Screen Actors Guild ဆု ၂ ခုတို့ အပါအဝင် ဖြစ်သည်။
ဂျနီဖာ အန်နစ္စတန်သည် ကမ္ဘာပေါ်တွင် သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
သူ၏ စီးပွားရေးအရ အောင်မြင်မှုအရဆုံး ရုပ်ရှင်ကားများမှာ Bruce Almighty (၂၀၀၃)၊ The Break-Up (၂၀၀၆)၊ Marley & Me (၂၀၀၈)၊ Just Go with It (၂၀၁၁)၊ Horrible Bosses (၂၀၁၁) နှင့် We're the Millers (၂၀၁၃) တို့ ဖြစ်ကြသည်။
အဆိုပါ ဇာတ်ကားများသည် ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ သန်း ၂၀၀ ကျော် အသီးသီးရရှိထားသော ဇာတ်ကားများ ဖြစ်ကြသည်။
အနုပညာအရ အအောင်မြင်ဆုံး ဇာတ်ကားများတွင် Office Space (၁၉၉၉)၊ The Good Girl (၂၀၀၂)၊ Friends with Money (၂၀၀၆)၊ Cake (၂၀၁၄) နှင့် Dumplin' (၂၀၁၈) ရုပ်ရှင်များ ပါဝင်သည်။
ကမ္ဘာပေါ်ရှိ မဂ္ဂဇင်းပေါင်းများစွာ၏ ကမ္ဘာ့အလှဆုံး အမျိုးသမီးများစာရင်းတွင် ဂျနီဖာအင်နစ္စတန် အမြဲပါဝင်လေ့ရှိသည်။
သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
သူ၏ ရုပ်ရှင်များမှ ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်ရရှိထားကာ ရုပ်ရှင်ကြည့် ပရိသတ် မျိုးဆက်များစွာကို သြဇာလွှမ်းနိုင်သော သရုပ်ဆောင်အနည်းငယ်တွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု သတ်မှတ်ကြသည်။
ဟောလိဝုဒ်၏ Walk of Fame တွင်လည်း ဂျနီဖာအန်နစ္စတန်ကို ဖော်ပြခံရသည်။
သူသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Echo Films ၏ ပူးတွဲတည်ထောင်သူလည်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဂျနီဖာအန်နစ္စတန်သည် ၂ ကြိမ် လက်ထပ်ခဲ့ဖူးရာ ပထမအိမ်ထောင်မှာ ရုပ်ရှင်မင်းသား ဘရက်ပစ်ဖြစ်သည်။
ဘရက်ပစ်နှင့် အိမ်ထောင်သက်တမ်း ၅ နှစ်ကြာမြင့်ခဲ့၏။
ဒုတိယအိမ်ထောင်မှာ ရုပ်ရှင်သရုပ်ဆောင် Justin Theroux ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြကာ ၂၀၁၇ ခုနှစ်တွင် လမ်းခွဲခဲ့သည်။
(ဆက်စပ်သတင်းများ))
ဂျနီဖာ အန်နစ္စတန်က အော်ပရာဝင်းဖရေး၏ ယာတောအိမ်ကို ဒေါ်လာ ၁၄ သန်းဖြင့် ဝယ်ယူ
https://www.imyanmarhouse.com/news/read/1034489
ဂျနီဖာ အန်နစ္စတန်က ရုပ်သံထူးချွန်ဆုပေးပွဲ Emmy Award ပွဲမတိုင်မီ လူမှုကွန်ရက် ပရိသတ် ၄၄ ဒသမ ၈ သန်းအား သူ၏ ဒေါ်လာ ၂၁ သန်းတန် စံအိမ်မြင်ကွင်းများ ရှားရှားပါးပါး ထုတ်ဖော်ပြသ
https://www.imyanmarhouse.com/news/read/1125445
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref:Photo Credit-@jenniferaniston/Instagram, @SAGutah/Twitter, Porsche, @dealsonwheelsae/Twitter, @AudiOfficial/Twitter