- ပင်မစာမျက်နှာ
- ကားသတင်းများ
- Avatr 06 နမူနာကား တရုတ်ပြည်တွင် စမ်းသပ်မောင်းနှင်နေသည့် ဓာတ်ပုံများ ထွက်ပေါ်လာ၊ ၂၀၂၅ ခုနှစ် ဒုတိယ ၃ လပတ်ကာလအတွင်း မိတ်ဆက်လာဖွယ်ရှိ
Avatr 06 နမူနာကား တရုတ်ပြည်တွင် စမ်းသပ်မောင်းနှင်နေသည့် ဓာတ်ပုံများ ထွက်ပေါ်လာ၊ ၂၀၂၅ ခုနှစ် ဒုတိယ ၃ လပတ်ကာလအတွင်း မိတ်ဆက်လာဖွယ်ရှိ
- 235 views
တရုတ်ပြည်၊ ချုံကင်းမြို့အခြေစိုက် Changan Automobile က ထုတ်လုပ်မည့် Avatr 06 ၏ နမူနာကား စမ်းသပ်မောင်းနှင်နေသည့် ဓာတ်ပုံများ အွန်လိုင်းတွင် ထွက်ပေါ်လာသည်။
Avatr 06 သည် mid-size sedan ဖြစ်ပြီး fully electric အပြင် extended-range EV ဗားရှင်းများဖြင့် ရနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။
Avatr 06 တွင် Huawei ၏ QianKun Intelligent Driving ADS 3.0 သုံးထားပြီး Harmony OS 4.0 Infotainment System ပါသည်။
၂၀၂၅ ခုနှစ် ဒုတိယ ၃ လပတ်တွင် စတင်မိတ်ဆက်ရန် စီစဉ်ထားပြီး ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၂၅၀,၀၀၀ (ကန်ဒေါ်လာ ၃၄,၄၀၀) မှ စမည်ဟု ဆိုသည်။
အွန်လိုင်းသို့ ပေါက်ကြားလာသော ဓာတ်ပုံများအရ အရောင်ရွေးစရာအနေဖြင့် ခရမ်း၊ အဖြူ၊ လိမ္မော်နှင့် အနက်ရောင်တို့ ရှိသည်ကို သိရသည်။
AVATR 2.0 ဒီဇိုင်းဒဿနကို ဆက်လက်အသုံးပြုထားပြီး အပြင်ပိုင်း သွင်ပြင်မှာ ရှိရင်းစွဲ Lineup များအတိုင်း ဒီဇိုင်းယူထားကာ brand ၏ signature ဖြစ်သော daytime running light များ ပါဝင်သည်။
Avatr 06 သည် fastback silhouette အမျိုးအစားဖြစ်ပြီး မော်ဒန်ဒီဇိုင်းဖွဲ့စည်းမှုအနေဖြင့် မြှုပ်ထားသော တံခါးလက်ကိုင်၊ ducktail spoiler နှင့် အနက်ရောင်အမိုးတို့ ပါဝင်ရာ sporty ဆန်သော ရုပ်ထွက်ရှိသည်။
Dimension အနေဖြင့် 4855/ 1960/ 1450 mm ရှိကာ wheelbase မှာ 2940mm ဖြစ်သည်။
Avatr 06 သည် brand ၏ မူဖြစ်သော minimalism ကို ဆက်လက်ကိုင်စွဲထားသည်။
အတွင်းခန်းတွင် ပေါင်းစပ် screen ၅ ခု ပါဝင်ရာ instrument cluster နှင့် side-view ကင်မရာအတွက် screen တို့ ပေါင်းစပ်ထားသော ၃၅ ဒသမ ၄ လက်မ digital display ၊ infotainment အတွက်မူ အလယ်ဗဟိုတွင် ၁၅ ဒသမ ၆ လက်မ touchscreen ရှိသည်။
ထို့အပြင် digital rearview mirror နှင့် side-view ကင်မရာများအတွက် display ၂ ခု ပါသည်။
Avatr 06 တွင် powertrain ရွေးစရာအနေဖြင့် fully electric နှင့် extended-range EV ဗားရှင်းများ ရှိသည်။
အဆိုပါ Variant များတွင် CATL ထုတ် 72.9 KWh LFP ဘက်ထရီကို သုံးထားပြီး အားတစ်ကြိမ်သွင်းထားလျှင် မိုင် ၆၀၀ မှ ၆၅၀ အထိ မောင်းနိုင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Avatr 06 spotted in China, set for 2025 Q2 launch (carnewschina)