- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၅ မော်ဒယ် Honda CR-V ကို လေ့လာခြင်း
၂၀၂၅ မော်ဒယ် Honda CR-V ကို လေ့လာခြင်း
- 745 views
CR-V သည် အတွင်းပိုင်းကို Premium ဆန်သောဒီဇိုင်းဖြင့် ချဉ်းကပ်ထားပြီး လက်တွေ့ဆန်သောဈေးတန်း၊ ကျယ်ကျယ်ဝန်းဝန်းရှိကာ safety feature များစုံလင်ရာ မိသားစုအရွယ်အစား အမျိုးမျိုးအတွက် အထူးသင့်တော်သည်။
CR-V သည် Drive ၏ ၂၀၂၄ ခုနှစ် Car of the Year-ဒေါ်လာ ၅၀၀၀၀ အောက် Best Medium SUV အဖြစ် ရွေးချယ်ခံထားရသည်။
၂၀၂၅ မော်ဒယ် CR-V ကို Edmunds က 8.1 အထိ rating ပေးထားသည်။
CR-V သည် ၂၀၂၅ ခုနှစ်အတွက် Best Small SUV များစာရင်းတွင် ဒုတိယအကောင်းဆုံးအဖြစ် Edmunds က ရွေးချယ်ထားသည်။ ပထမနေရာတွင် ရပ်တည်နေသည်မှာ Mazda CX-50 ဖြစ်သည်။
၂၀၂၅ မော်ဒယ် CR-V ၏ MSRP ဈေးတန်းမှာ ဒေါ်လာ ၃၀၃၀၀ မှ ၄၃၃၀၀ ကြားရှိသည်။
(မှတ်ချက်။ MSRP ဟူသည်မှာ ကားထုတ်လုပ်သူက အကြံပြုထားသည့် လက်လီအရောင်းဈေးနှုန်း ဖြစ်သည်)
((အားသာချက်များ))
● အတွင်းခန်း ကျယ်ကျယ်ဝန်းဝန်းရှိပြီး ပစ္စည်းသယ်ရန် နေရာကျယ်ဝန်းခြင်း
● ထည့်သွင်းပေးထားသော နည်းပညာများ အသုံးပြုရလွယ်ကူခြင်း
● စီးရ ညက်ညောကာ သက်တောင့်သက်သာရှိခြင်း
((အားနည်းချက်များ))
● rival များတွင် တွေ့ရသော spec အချို့ မပါခြင်း
● အသုံးအဆောင်ပစ္စည်းများထားသိုရန် နေရာနည်းပါးခြင်း
● Hybrid ကို flagship တွင်သာ ရနိုင်ခြင်း
၂၀၂၅ CR-V သည် ယခင်မော်ဒယ်နှင့် များစွာကွာခြားသည့် ပြောင်းလဲမှု မရှိချေ။
Honda ၏ lineup တွင် ၂၀၂၅ CR-V မှာ သားလတ်ဖြစ်သည်ဟု ဆိုနိုင်သည်။
တစ်ဖက်တွင် subcompact HR-V ရှိပြီး အခြားတစ်ဖက်တွင်မူ ပိုမိုကြီးမားသော midsize Passport နှင့် Pilot တို့ ရှိသည်။
သမိုင်းကြောင်းအရဆိုလျှင် CR-V သည် ၎င်း၏ အတန်းအစားတွင် အကောင်းဆုံး small SUV များ၌ ပါဝင်ပြီး ယခု Gen အထိ ရောက်ရှိလာခြင်း ဖြစ်သည်။
CR-V ကို နောက်ဆုံးပြန်လည်ဒီဇိုင်းပြောင်းခဲ့သည်မှာ ၂၀၂၃ ခုနှစ်ကဖြစ်ပြီး ၂၀၂၅ မော်ဒယ် Honda CR-V တွင် ကြီးမားသည့် အပြောင်းအလဲမရှိချေ။
Honda သည် customer တို့၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေရှိရန် အမြဲပြောင်းလဲချိန်ညှိနေသည်။
Compact SUV ထဲတွင် CR-V သည် သက်တောင့်သက်သာရှိစေသော ကားတစ်စင်းဖြစ်သည်။
အခြားသော ကားထုတ်လုပ်သူတို့က ၎င်းတို့ကားများ၏ Performance နှင့် off-road စွမ်းရည်များကို အမွှမ်းတင်နေချိန်တွင် CR-V ကမူ ၎င်း၏ ပဓာနစွမ်းရည်ကိုသာ အမြဲထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေသည်။
ကား၏ suspension မှာ လမ်းပေါ်ချိုင့်ကျင်းများ ဖြတ်သန်းရချိန်တွင် ချောမွေ့ငြိမ်သက်စေပြီး ထိုင်ခုံများမှာလည်း ခရီးဝေးအတွက် သက်တောင့်သက်သာရှိစေရန် အထူးဖန်တီးထားသည်။
အတွင်းခန်း ဆိတ်ငြိမ်မှုကြောင့် ကားထဲတွင် အိပ်ပျော်နေမည့် ကလေးငယ်များအတွက် ခရီးပန်းမှု လျှော့ချပေးနိုင်မည် ဖြစ်သည်။
((Competitor များ))
ယခုအတန်းအစားတွင် Honda CR-V ထက် များစွာပိုမိုကောင်းမွန်အောင် ထုတ်လုပ်နိုင်ဖွယ် မရှိ။
Mazda CX-50 ၏ ရုပ်ထွက်ကောင်းခြင်း၊ Performance ကောင်းခြင်းတို့မှာ မက်လောက်စရာဖြစ်သော်လည်း ဆီစားမသက်သာသည့်အပြင် ဈေးတန်းမြင့်သည်။
သို့သော် လက်တွေ့ဆန်မှုထက် မိမိစိတ်ကြိုက်ကိုသာ ရွေးချယ်လိုသည်ဆိုပါကမူ ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်။
အခြား competitor အနေဖြင့် ရာသီဥတုအားလုံးနှင့် သင့်တော်ပြီး off-road စွမ်းရည်များရှိသော Subaru Forester ရှိသည်။
အများစုအတွက်မူ CR-V မှာ အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
(Variant များနှင့် MSRP ဈေးနှုန်းများ))
CR-V ၏ Lineup တွင် variant ၆ မျိုးလာသည်။ LX, EX, Sport, EX-L, Sport-L နှင့် Sport Touring ဟု ဖြစ်သည်။
LX, EX နှင့် EX-L တို့တွင် turbocharged four-cylinder အင်ဂျင်သုံးထားပြီး Sport, Sport-L နှင့် Sport Touring တို့မှာ hybrid များ ဖြစ်သည်။
CR-V ၏ variant အများစုမှာ ရှေ့ယက်ကိုသာ standard အနေဖြင့်ထားသည်။ သို့သော် all-wheel drive လည်း ရွေးစရာရှိသည်။
ချွင်းချက်အနေဖြင့် Sport Touring မှာမူ AWD သာလာသည်။ ရှေ့ယက် မလာ။
LX ၏ MSRP ဈေးနှုန်းမှာ ဒေါ်လာ ၃၁၄၅၀၊ EX မှာ ဒေါ်လာ ၃၃၇၀၀ ၊ Sport Hybrid မှာ ဒေါ်လာ ၃၆၀၀၀၊ EX-L မှာ ဒေါ်လာ ၃၆၃၅၀၊ Sport-L Hybrid မှာ ဒေါ်လာ ၃၉၀၀၀ နှင့် Sport Touring Hybrid မှာ ဒေါ်လာ ၄၂၄၅၀ တို့ ဖြစ်သည်။
Powertrain အနေဖြင့် ဓာတ်ဆီနှင့် Hybrid ရွေးစရာ ၂ မျိုးရှိသည်။
၂၀၂၅ မော်ဒယ် ဓာတ်ဆီအင်ဂျင်၊ LX Variant ကို Edmunds က အကြံပြုသည့် ဈေးနှုန်းမှာ ဒေါ်လာ ၃၀၅၁၉ ဖြစ်သည်။
((၂၀၂၅ Honda CR-V LX ၏ Specs))
● MSRP- ဒေါ်လာ ၃၀၁၀၀
● အင်ဂျင်အမျိုးအစား-ဓာတ်ဆီ
● ဆီစားနှုန်း- 30 MPG
● ထိုင်ခုံ- ၅
● Drivetrain -ရှေ့ယက်
● Warranty- 3 years/ 36000 miles
( Honda CR-V EX-L )
(CR-V EX )
(CR-V Sport L )
(CR-V Sport Touring)
(CR-V Sport )
(CR-V LX)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 2025 Honda CR-V (edmunds)