- ပင်မစာမျက်နှာ
- ကားသတင်းများ
- လုပ်ငန်းသုံး EV ယာဉ်များနှင့် သုံးဘီးယာဉ်များ ပြည်တွင်းဈေးကွက်ထဲသို့ရောက်ရှိလာ
လုပ်ငန်းသုံး EV ယာဉ်များနှင့် သုံးဘီးယာဉ်များ ပြည်တွင်းဈေးကွက်ထဲသို့ရောက်ရှိလာ
- 356 views
လုပ်ငန်းသုံး ကုန်တင်ယာဉ် (ဝန်ပေါ့) အမျိုးအစား EV မော်တော်ယာဉ်တွေနဲ့ EV သုံးဘီးယာဉ်တွေဟာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာတဲ့အတွက် အောက်တိုဘာလ (၄) ရက်နေ့က သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ အရင်သြဂုတ်လထဲက လုပ်ငန်းသုံးကုန်တင်ယာဉ် (ဝန်ပေ့ါ) EV ယာဉ် (၂) စီးကို ကညနက ယာဉ်မှတ်ပုံတင်ခွင့် ပြုခဲ့ပါတယ်။
အခုရောက်လာတဲ့ လုပ်ငန်းသုံး EV ယာဉ်တွေဟာ တရုတ်နိုင်ငံထုတ် Karry Cowfish၊ Karry Dolphin ၊ Karry Elephen အမျိုးအစားတွေဖြစ်ပါတယ်။ အဲဒီယာဉ်တွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ် ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ခွင့်ပြုချက်နဲ့တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတာဖြစ်ပါတယ်။
ဒါ့အပြင် EV သုံးဘီးယာဉ်နဲ့ EV မော်တော်ယာဉ်တွေလည်း ရောက်ရှိလာလို့ သတ်မှတ်လုပ်ထုံးလုပ်နည်း တွေအတိုင်း စိစစ်ပြီး ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။လက်ရှိပြည်တွင်းမှာ EV ယာဉ်အမျိုးမျိုး အစီးရေ (၃၀၀၀) ကျော်မှတ်ပုံတင်ခွင့်ပြုထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com