- ပင်မစာမျက်နှာ
- ကားသတင်းများ
- မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ တရုတ်ပြည်ထုတ် Dongfeng E70 (Aeolus) ကားသစ်များ ဝင်ရောက်လာကြောင်း အကောက်ခွန်ဦးစီးဌာန ထုတ်ပြန်
မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ တရုတ်ပြည်ထုတ် Dongfeng E70 (Aeolus) ကားသစ်များ ဝင်ရောက်လာကြောင်း အကောက်ခွန်ဦးစီးဌာန ထုတ်ပြန်
- 398 views
မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ တရုတ်ပြည်ထုတ် ၂၀၂၄ မော်ဒယ် Dongfeng E70 (Aeolus) ကားသစ်များ ဝင်ရောက်လာကြောင်း အကောက်ခွန်ဦးစီးဌာန ထုတ်ပြန်ထားသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ရောက်ရှိလာသော ကားများမှာ Dongfeng E70 (Aeolus) မော်ဒယ်များ ဖြစ်သည်ဟု ဆိုသည်။
၂၀၂၄ မော်ဒယ်၊ လက်ဝဲမောင်းဆီဒင်များဖြစ်ကာ စုစုပေါင်း ၂၄ စင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့စက်မှု ဆိပ်ကမ်းသို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာနက ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်ကား ၂၄ စင်းကို မြန်မာ့စက်မှုဆိပ်ကမ်းတွင် အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါကားများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com