- ပင်မစာမျက်နှာ
- ကားသတင်းများ
- အာရှတိုက်၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အမ်ဘာနီက ကျည်ကာ Rolls Royce တစ်စင်းရှိလာ၊ အိန္ဒိယတွင် ပထမဆုံး စီးနိုင်သူဖြစ်
အာရှတိုက်၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အမ်ဘာနီက ကျည်ကာ Rolls Royce တစ်စင်းရှိလာ၊ အိန္ဒိယတွင် ပထမဆုံး စီးနိုင်သူဖြစ်
- 2798 views
အမ်ဘာနီ မိသားစုသည် အိန္ဒိယ၏ အချမ်းသာဆုံးဖြစ်သည့်အပြင် အာရှတိုက်၏ အချမ်းသာဆုံးဖြစ်ပြီး အိန္ဒိယတွင် ကားအစင်းရေ အများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်သည်။
မူကက်ရှ် အမ်ဘာနီ၏ မွန်ဘိုင်းမြို့မှ ကန်ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိ အန်တီလီယာ စံအိမ်ကြီးတွင် ကြီးမားသော ကားဂိုဒေါင်ကြီးရှိပြီး Jio Garage ဟု အမည်ပေးထားသည်။
ကားအစင်းရေ ၁၇၀ အထက် ရှိသည်ဟု သိရပြီး အစင်းရေ အတိအကျကိုမူ မည်သူမျှ မသိကြချေ။
အမ်ဘာနီ မိသားစုသည် အိန္ဒိယတွင် Rolls-Royce Cullinan SUV များ အများဆုံး ပိုင်ဆိုုင်ထားသူဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် အနည်းဆုံး ၁၀ စင်းခန့် ရှိနိုင်သည်။
မူကက်ရှ် အမ်ဘာနီ၏ ကားဂိုဒေါင်တွင် နောက်ဆုံးရောက်ရှိလာသည်မှာ သာမန် Cullinan မဟုတ်။
ကျည်ကာ Rolls-Royce Cullinan ဖြစ်ပြီး အိန္ဒိယတွင် ပထမဆုံးဖြစ်သည်။
((Jio Garage သို့ အသစ်ဝင်လာသော Newcomer))
မူကက်ရှ် အန်ဘာနီ၏ Rolls-Royce Cullinan ကားအမျိုးအစား ကျည်ကာကားကို Automobili Ardent India က ၎င်းတို့၏ အင်စတာဂရမ် စာမျက်နှာတွင် မျှဝေလာသည်။
အဆိုပါ ကားကို ကျည်ကာကားများ အထူးကိုင်တွယ်သည့် Chandigarh ကားဝပ်ရှော့တွင် တွေ့ရသည်။
၎င်းတို့၏ အင်စတာဂရမ် စာမျက်နှာတွင် ရေးသား ဖော်ပြထားမှုအရ “အမ်ဘာနီမိသားစုသည် Cullinan အများအပြား ပိုင်ဆိုင်ထားပြီဖြစ်ရာ ယခု ကျည်ကာကားကို ဝယ်ယူရန် အချိန်ကျပြီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။အမ်ဘာနီ၏ ကားများအနက် လှပသော ငွေရောင် Rolls-Royce Cullinan ကို ပုံတွင်ကြည့်ရှုပါ”ဟု ဖော်ပြထားသည်။
((အမ်ဘာနီ၏ ကျည်ကာ Rolls-Royce Cullinan))
ဓာတ်ပုံထဲတွင် တွေ့ရှိရမှုအရ Series 1 Model ဖြစ်ဖွယ်ရှိပြီး ယခင်ကတည်းက အမ်ဘာနီမိသားစု ပိုင်ဆိုင်ခဲ့သောကားများတွင် ပါဝင်ခဲ့ဟန်ရှိကာ ယခုအခါ ကျည်ကာကားအဖြစ် modifငation များ ပြန်လည်ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
မူကက်ရှ် အမ်ဘာနီသည် Mercedes-Benz S 680 Guard ဆီဒင်ဖြင့် သွားလာသည်ကို မြင်ရလေ့ရှိသည်။
သို့သော် အိန္ဒိယတွင် SUV များကို လူကြိုက်များလာနေပြီး အမ်ဘာနီမိသားစုကလည်း ၎င်းတို့၏ လိုအပ်ချက်နှင့် ပိုမိုကိုက်ညီမည့် ကျည်ကာ Cullinan စီးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
Rolls-Royce Cullinan သည် luxury ကားများ၏ ဘုရားတစ်ဆူဖြစ်ပြီး 6.75-liter twin-turbocharged V12 အင်ဂျင်သုံးထားပြီး 563bhp အားထွက်ကာ ရုန်းအား 850 Nm ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mukesh Ambani, Nita Ambani family buys India’s first Bulletproof Rolls Royce, its features are…, it is worth Rs… (india)