BYD က တိုယိုတာကို ဖြတ်ကျော်ကာ စင်ကာပူတွင် နာမည်အကြီးဆုံးဖြစ်လာ

  • 464 views

BYD သည် Toyota ကို ဖြတ်ကျော်ကာ စင်ကာပူ၏ အကျော်ကြားဆုံး ကားအဖြစ် ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည်။

တရုတ်ထိပ်သီး လျှပ်စစ်ကား ထုတ်လုပ်သူ BYD သည် ပြီးခဲ့သော နှစ်အတွင်း ရောင်းအား ၄ ဆ မြင့်တက်ခဲ့ပြီး အစင်းရေ ၆၁၉၁ ရောင်းချခဲ့ကြရာToyota ၏ လျှပ်စစ်ကား ရောင်းအားကို ဖြတ်ကျော်ခဲ့သည်။

တိုယိုတာ ရောင်းချခဲ့ရသော ကားအစင်းရေမှာ ၅၃၇၆ ဖြစ်သည်။

မော်တော်ကား ပိုင်ဆိုင်မှု တင်းကြပ်စွာ ထိန်းချုပ်ထားသော စင်ကာပူတွင် BYD က ဈေးကွက်ဝေစု ၁၄ ရာခိုင်နှုန်း ရရှိထားကာ Tesla, Mercedes-Benz နှင့် BMW တို့ထက်လည်း ဈေးကွက်ဝေစု များပြားခဲ့သည်။

စင်ကာပူတွင် BYD ၏ ကျော်ကြားမှုကြီးထွားလာခြင်းမှာ အရှေ့တောင်အာရှတစ်ဝန်း Customer တို့၏ နှစ်သက်မှု အရွေ့ကို ပြသနေသည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။

တရုတ်ပြည်မှ ကားထုတ်လုပ်သူတို့၏ ကမ္ဘာ့နေရာအနှံ့အပြားတွင် ဈေးကွက်ထိုးဖောက်ရန် ကြိုးစားနေပြီး နည်းပညာစုံလင်သော ၎င်းတို့၏ထုတ်ကုန်များမှာ ဈေးကွက်တွင် ကာလကြာရှည်ကြီးစိုးခဲ့သော အထင်ကရ အမှတ်တံဆိပ်များကို ဖြတ်ကျော်ကာ ရောင်းအားကောင်းလာနေသည်။

တရုတ်ပြည်ထုတ် EV များ ရောင်းအားထိုးတက်နေခြင်း၏ အထင်ရှားဆုံးသာဓကမှာ စင်ကာပူ ဖြစ်သည်။

စင်ကာပူတွင် ကားပိုင်နိုင်ရေးမှာ အလွန်ဈေးကြီးသည်။

လုပ်ထုံးလုပ်နည်းများ တင်းကျပ်လှသည့်အပြင် အကောက်ခွန်နှုန်းထားလည်း ကြောက်မက်ဖွယ် မြင့်မားရာ ကားစီးနိုင်ခြင်းမှာ ဒိတ်ဒိတ်ကြဲတို့၏ အဆင့်အတန်းကိုပြသသည့် ပြယုဂ်တစ်ခုသဖွယ် ဖြစ်သည်။

စင်ကာပူအစိုးရက ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုမရှိသည့် ကားများဆီသို့ ကူးပြောင်းရန် မျှော်မှန်းထားပြီး လျှပ်စစ်ကား ဝယ်သူတို့ကို ပြန်အမ်းငွေများ ပေးခြင်းအပြင် အားသွင်းစက် အခြေခံအဆောက်အအုံများ ပိုမိုတိုးချဲ့ရန် စီစဉ်နေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD Becomes Singapore’s Most Popular Car, After Out-Selling Toyota