- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မကြာသေးမီက ကျင်းပခဲ့သော လူပေါင်း ၁,၀၀၀,၀၀၀ နီးပါး လာရောက်ခဲ့သည့် Bharat Mobility Global Expo မော်တော်ယာဉ် ပြပွဲကြီး
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မကြာသေးမီက ကျင်းပခဲ့သော လူပေါင်း ၁,၀၀၀,၀၀၀ နီးပါး လာရောက်ခဲ့သည့် Bharat Mobility Global Expo မော်တော်ယာဉ် ပြပွဲကြီး
- 128 views
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် Bharat Mobility Global Expo အမည်ရှိ ကားပြပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည်။
ပြပွဲကို ၃ နေရာခွဲကာ ကျင်းပခဲ့ရာ နယူးဒေလီမြို့ Bharat Mandapam convention စင်တာ၊ နယူးဒေလီမြို့ Yashobhoomi ကွန်ဗန်းရှင်းစင်တာနှင့် ဥတာပရာဒက်ရှ်ပြည်နယ် Greater Noida မြို့ရှိ India Expo Centre & Mart တို့တွင် ဖြစ်သည်။
အဆိုပါ ပြပွဲ ၃ နေရာသို့ လာရောက်သူပေါင်း ၉၈၃၅၂၂ ဦးရှိခဲ့ရာ ယခင်နှစ်ထက် စံချိန်တင် မြင့်တက်ခဲ့သည်။
၂၀၂၄ ခုနှစ်က Bharat ကားပြပွဲသို့ လူဦးရေ ၁၅၀၀၀၀ ကျော်သာ လာရောက်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်ပြပွဲတွင် မော်တော်ယာဉ် မော်ဒယ်ပေါင်း ၂၃၉ ခု ဝင်ရောက်ပြသခဲ့သည်ဟု သိရသည်။
(Bharat Mobility Global Expo မော်တော်ယာဉ်ပြပွဲကြီးတွင် Yamaha ဆိုင်ကယ်များဘေး၌ ရပ်နေသော မော်ဒယ်မိန်းကလေးများကို တွေ့ရပုံ။ ဓာတ်ပုံ-ANI)
(အိန္ဒိယထုတ် Maruti Brezza ကားမော်ဒယ်ဘေးတွင် ဘောလိဝုဒ်သရုပ်ဆောင် Kartik Aaryan (ဝဲ) ကို တွေ့ရပုံ။ ဓာတ်ပုံ-PTI)
(Skoda ကားတစ်စင်းနှင့် မော်ဒယ်မိန်းကလေးတစ်ဦး။ ဓာတ်ပုံ-PTI)
(Maruti ထုတ် ကားတစ်စင်းရှေ့တွင် မော်ဒယ်မိန်းကလေးတစ်ဦးကို တွေ့ရပုံ။ ဓာတ်ပုံ-PTI)
(Maruti ထုတ် ကားတစ်စင်းနှင့် မော်ဒယ်မိန်းကလေးတစ်ဦး။ ဓာတ်ပုံ-PTI)
(BMW ထုတ် ဆိုင်ကယ်တစ်စင်းနှင့် မော်ဒယ်မိန်းကလေးတစ်ဦး။ ဓာတ်ပုံ-AFP)
(Bharat Mobility Global Expo မော်တော်ယာဉ်ပြပွဲကြီးတွင် ခင်းကျင်းပြသထားသည့် ကားများကို လိုက်လံကြည့်ရှုနေသူများ။ ဓာတ်ပုံ-AFP)
(Bharat Mobility Global Expo မော်တော်ယာဉ်ပြပွဲကြီးတွင် ပြသထားသည့်ကားများကို လှည့်လည်ကြည့်ရှုနေသူများ။ ဓာတ်ပုံ-AFP)
(Maruti ၏ Marketing and Sales Senior Executive Officer ဖြစ်သူ Partho Bannerjee နှင့် ရုပ်ရှင်မင်းသား Kartik Aaryan တို့ကို Maruti Brezza ကားတစ်စင်းနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-ANI)
(BMW Group India ၏ စီအီးအိုဖြစ်သူ Vikram Pawah ကို BMW R 1300 GS Adventure ကားသစ်တစ်စင်းနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-HT Photo)
(ပြပွဲကြီးတွင် ကားမော်ဒယ်သစ် ၉၀ ပါဝင်ပြသခဲ့သည်။ ဓာတ်ပုံ-HT Photo)
(ယခုနှစ် Bharat Mobility Global Expo မော်တော်ယာဉ်ပြပွဲကြီးသို့ လာရောက်ကြည့်ရှုသူ စံချိန်တင် များပြားခဲ့သည်။ ဓာတ်ပုံ-Money Sharma/ AFP)
(ပါဝင်ပြသခဲ့သော မော်တော်ဆိုင်ကယ်များ။ ဓာတ်ပုံ-Raajessh Kashyap/ HT)
(ပြခန်းတစ်ခုရှိ မော်တော်ဆိုင်ကယ်များဘေးတွင် မော်ဒယ်မိန်းကလေးတစ်ဦးကို တွေ့ရပုံ။ ဓာတ်ပုံ-HT Photo)
(2025 Bharat Mobility Global Expo မော်တော်ယာဉ်ပြပွဲကြီးကို ၃ နေရာခွဲကာ ကျင်းပခဲ့ပြီး ပွဲသို့လာရောက်သူ ၉၈၃၅၂၂ ဦးရှိခဲ့သည်။ ဓာတ်ပုံ-HT Photo)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Stars at Auto Expo 2025: The cars and bikes that got all the attention | Photos
Photo Credit-ANI, PTI, AFP, HT Photo, Money Sharma, Raajessh Kashyap