- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကားသစ်၊ ကားဟောင်းအမျိုးအစားအစုံကို Down Payment သိန်း (၃၀၀)၊ သိန်း (၇၀၀) မှစတင်သည့်ကားများ အရစ်ကျစနစ်ဖြင့် ချက်ချင်းဝယ်ယူနိုင်မည့် အရောင်းပြပွဲကြီး နှင့် Networking Dinner တို့ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
ကားသစ်၊ ကားဟောင်းအမျိုးအစားအစုံကို Down Payment သိန်း (၃၀၀)၊ သိန်း (၇၀၀) မှစတင်သည့်ကားများ အရစ်ကျစနစ်ဖြင့် ချက်ချင်းဝယ်ယူနိုင်မည့် အရောင်းပြပွဲကြီး နှင့် Networking Dinner တို့ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
- 154 views
MAMDA အသင်းနှင့် CarsDB တို့ ပူးပေါင်းကျင်းပသည့် ကားအရောင်းပြပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၅ - ၂၆) ရက် နေ့များတွင်၊ Myanmar Culture Valley (People Park)၊(ဦးဝိဇာရလမ်း၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်အနီး)၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။
ပြပွဲကြီးအတွင်း Diamond Sponsor အဖြစ် TMS (JETOUR ) နှင့်အတူ ရန်ကုန်မြို့ရှိ၊ ကား Showroom ပေါင်းများစွာမှ Gold Sponsor နှင့် Silver Sponsor များအဖြစ် ပါဝင်ပြသခဲ့သည့်အပြင်
⏩ နောက်ဆုံးပေါ် EV ကားများ
⏩ Brand New ကားသစ်များ
⏩ နာမည်ကြီး ကားဘရန်းပေါင်းစုံတို့ကို
ဝယ်ယူသူများအနေဖြင့် ပြပွဲရက်အတွင်းသာရရှိနိုင်မည့်
☀️ 40% ပေးချေပြီး ကားလက်ဝယ်ပိုင်ဆိုင်နိုင်ခွင့်
☀️ Test Drive လည်းပြုလုပ်နိုင်ခွင့်
☀️ ပြပွဲအတွင်း တစ်ခါတည်း Auto Loan လျှောက်ထားနိုင်ခြင်း
☀️ ကားအတွက် အာမခံလျှောက်ထားနိုင်ခြင်း စသည့် အခွင့်အလမ်းများဖြင့် ရောင်းချပေးခဲ့သည်။
“ ကားချစ်သူ မိတ်ဆွေတွေအနေနဲ့ အခုကားအရောင်းပြပွဲကြီးကိုသာ ရောက်လာရင် ဘယ်မှထပ်ပြီး သွားနေစရာမလိုဘဲ တစ်နေရာတည်းမှာ ကားအမျိုးအစားပေါင်းများစွာကို မတူညီတဲ့ သက်သာခွင့်များနဲ့ တစ်ခါထဲကြည့်၊ တစ်ခါထဲဝယ်နိုင်တဲ့အပြင် အရစ်ကျစနစ်ကိုလည်း ညှိနှိုင်းပေးပြီး၊ စိတ်ကြိုက်ကြည့်ရှု ဝယ်ယူနိုင်တာဖြစ်လို့ ကားချစ်သူတွေ လာကို လာသင့်တဲ့ ပွဲဖြစ်ပြီး ကားလောကသားတိုင်းနီးပါး ရင်းနှီးစွာတွေ့ဆုံဖလှယ်ခဲ့ကြတဲ့ Networking Dinner ပွဲကြီးဖြစ်ပါတယ်" ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူကပြောကြားသွားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com