- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရန်ကုန်စက်သုံးဆီဈေး အနည်းငယ်ပြန်ကျဆင်းလာ
ရန်ကုန်စက်သုံးဆီဈေး အနည်းငယ်ပြန်ကျဆင်းလာ
- 158 views
စက်တင်ဘာလ ဒုတိယအပတ်ထဲက ဈေးဆက်တိုက်မြင့်တက်လာတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အခုရက်ပိုင်းအတွင်းမှာ ဈေးအနည်းငယ် ပြန်ကျဆင်းလာပြီး 95 တစ်လီတာကို လက်လီဈေး ငွေကျပ်(၂၄၉၀) အထိ ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကနေ သိရပါတယ်။ စက်တင်ဘာလ (၁၄) ရက်နေ့က ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ်(၂၇၀၀) ကျော်အထိ ဈေးမြင့်တာခဲ့ပေမယ့် လက်ရှိမှာတော့ (၂၆၀၀) ကျပ် ရည်ညွှန်းသတ်မှတ်ထားလို့ ငွေကျပ် (၁၀၀) လောက် ဈေးပြန်ကျလာတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်ထဲမှာ ပြည်တွင်းစက်သုံးဆီဈေးတွေ တရိပ်ရိပ်မြင့်လာပြီး 95 တစ်လီတာ ကို ငွေကျပ် (၂၄၈၀) ကျပ်အထိ ဈေးရှိခဲ့ပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ဝယ်ယူရတဲ့ စက်သုံးဆီတွေဖြစ်ပြီး နိုင်ငံခြားငွေလဲနှုန်း ဈေးအနည်းငယ် ပြန်ကျလာပေမယ့်လည်း စက်သုံးဆီဈေးနှုန်းတွေကတော့ ဈေးပြန်လည်ကျဆင်းတာ မရှိသေးဘူးလို့ ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်တွေနဲ့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းတွေအရ သိရပါတယ်။
လက်ရှိစက်တင်ဘာလ (၂၀) ရက်နေ့ စက်သုံးဆီဈေးတွေကတော့ 92 တစ်လီတာကို လက်လီဈေး (၂၃၈၀) ကျပ်၊ 95 တစ်လီတာကို (၂၄၉၀) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို (၂၆၀၀) ကျပ်နဲ့၊ ဒီဇယ်တစ်လီတာကို (၂၅၂၅) ကျပ် ရှိတယ်လို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းတွေအရ သိရပါတယ်။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်။ ကားနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းတွေ၊ သတင်းအကြောင်းအရာတွေကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်လို့ CarsDB fb page ကို Like & Share လုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com