- ပင်မစာမျက်နှာ
- ကားသတင်းများ
- F1 ကမ္ဘာ့ချန်ပီယံ ဖာနန်ဒို အလွန်ဆိုက ဒေါ်လာ ၃ သန်းတန် Aston Martin Valkyrie ကို မိုနာကိုနိုင်ငံတွင် မောင်းနှင်ရာ နာရီပိုင်းအတွင်း ကားပျက်သွားခဲ့၊ မြင်းကောင်ရေ ၁၁၀၀ အားရှိ ပြိုင်ကားကို ပြင်ဆင်စရိတ် ဒေါ်လာ သန်းဝက်ခန့်ကုန်ကျမည်ဟုဆို
F1 ကမ္ဘာ့ချန်ပီယံ ဖာနန်ဒို အလွန်ဆိုက ဒေါ်လာ ၃ သန်းတန် Aston Martin Valkyrie ကို မိုနာကိုနိုင်ငံတွင် မောင်းနှင်ရာ နာရီပိုင်းအတွင်း ကားပျက်သွားခဲ့၊ မြင်းကောင်ရေ ၁၁၀၀ အားရှိ ပြိုင်ကားကို ပြင်ဆင်စရိတ် ဒေါ်လာ သန်းဝက်ခန့်ကုန်ကျမည်ဟုဆို
- 402 views
F1 ကမ္ဘာ့ချန်ပီယံဖြစ်ပြီး လက်ရှိ Aston Martin F1 အသင်း၏ ကြယ်ပွင့်ပြိုင်ကားမောင်းသမား ဖာနန်ဒို အလွန်ဆိုသည် သူ၏ ဒေါ်လာ ၃ သန်းတန် F1 ပြိုင်ကားကို မိုနာကိုနိုင်ငံတွင် မောင်းနှင်ရာ နာရီပိုင်းအတွင်း ကားပျက်သွား ခဲ့သည်။
Valkyrie သည် အလွန်ရှုပ်ထွေးသော V12 အင်ဂျင်တပ် ပြိုင်ကားဖြစ်ပြီး F1 နည်းပညာ များစွာအသုံးပြုထားသည်။
(ဓာတ်ပုံ-YouTube/ Pistons Brothers)
Pistons Brothers အမည်ရှိ YouTube ချန်နယ်တစ်ခုက လွှင့်တင်ခဲ့သော တစ်နာရီကျော်ကြာမြင့်သည့် ဗွီဒီယိုဖိုင်တစ်ခုတွင် ဖာနန်ဒို အလွန်ဆိုကို Valkyrie ၏ ယာဉ်မောင်းခုံတွင် တွေ့ရပြီး ၎င်း၏ ကားရှေ့တွင် ဗွီဒီယိုရိုက်ကူးသည့် အဖွဲ့က ကားတစ်စီးဖြင့် ရှိနေသည်။
Valkyrie ၏ 6.5-liter V12 အင်ဂျင်၏ စက်သံမှာ အလွန်ဆူညံလှသောကြောင့် အလွန်ဆိုမှာ လူတို့ခံနိုင်စွမ်း ထက် များပြားသည့် အသံ decibel ကို ကာကွယ်ရန် safety headset တစ်ခု တပ်ဆင်ထားသည်ကိုလည်း တွေ့ရသည်။
အစင်းရေ ၁၅၀ သာ ထုတ်လုပ်ထားသော Valkyrie မှာ ဆွဲကားတစ်စီး၏ နောက်ဘက်သို့ တင်လိုက်ရသည်ကို စိတ်မကောင်းဖွယ် တွေ့ရသည်။
အလွန်ဆို၏ ကားဘေးတွင် စက်ပြင် ပညာရှင်အဖွဲ့ ဝိုင်းအုံနေပြီး တစ်ဦးက ကား၏ ပြစ်ချက်ကို လက်ပ်တော့ တစ်လုံးဖြင့် ရှာဖွေနေခဲ့သည်။
(ဓာတ်ပုံ-YouTube/ Pistons Brothers)
Cosworth-built V12 အင်ဂျင်သည် ကမ္ဘာပေါ်တွင် စွမ်းအားအကောင်းဆုံးဖြစ်သည်။
အင်ဂျင်ကိုယ်တိုင်သည်ပင်လျှင် အနုပညာလက်ရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။
ပေါ့ပါးမှုရစေရန် F1-spec ပစ်စတင်များ အသုံးပြုကာ အလူမီနီယံဖြင့် ထုတ်လုပ်ထားသော အင်ဂျင်ဖြစ်ကာ အလေးချိန် ၄၅၄ ပေါင်သာ ရှိသည်။
(ဓာတ်ပုံ-YouTube/ Pistons Brothers)
(ဓာတ်ပုံ-YouTube/ Pistons Brothers)
အင်ဂျင်ပါဝါမှာ မြင်းကောင်ရေ ၁၀၀၀ ကျော်ရှိပြီး လျှပ်စစ်မော်တာနှင့် ၂ ခုပေါင်း စွမ်းအားမှာ မြင်းကောင်ရေ ၁၁၄၀ ရှိသည်။
ရုန်းအားမှာ 681 lb-ft ရှိပြီး 11100 rpm အထိရှိကာ ဂီယာဘောက်မှာ 7-speed sequential single-clutch ဖြစ်သည်။
Performance မှာ အထင်ကြီးလောက်ဖွယ်ရာရှိပြီး 0-60mph ကို ခန့်မှန်းချေ ၂ ဒသမ ၂ စက္ကန့်အတွင်း ရနိုင်သည်။
အမြင့်ဆုံးမြန်နှုန်းကန့်သတ်ချက်မှာ တစ်နာရီလျှင် မိုင် ၂၅၀ ဖြစ်သည်။
Aston Valkyrie ကို ၃ နှစ်ခန့် ပိုင်ဆိုင်ထားမည်ဆိုလျှင်ပင် မွမ်းမံထိန်းသိမ်းစရိတ် ကန်ဒေါ်လာ ၄၅၀,၀၀၀ ခန့် ကုန်ကျသည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: F1 driver Fernando Alonso’s $3 million Aston Martin Valkyrie broke down on the streets of Monaco after just an hour of driving. As scores of enthusiasts watched, the 1,140-horsepower supercar, which costs half a million to maintain, was towed away. (luxurylaunches)
Photo Credit: YouTube/ Pistons Brothers