၂၀၂၆ မော်ဒယ် Leapmotor C16 SUV ကို တရုတ်ပြည်တွင် ယွမ် ၁၅၁၈၀၀ (ကန်ဒေါ်လာ ၂၁၁၃၀) ဖြင့် စတင်ရောင်းချ

  • 662 views

leapmotor_c16_2026-768x432.jpg

၂၀၂၆ မော်ဒယ် Leapmotor C16 large SUV EV ကို ဈေးနှုန်း ယွမ် ၁၅၁၈၀၀ (ကန်ဒေါ်လာ ၂၁၁၃၀) ဖြင့် စတင်မိတ်ဆက်လာသည်။

ယခုမော်ဒယ်တွင် upgrade ပြုလုပ်ထားမှုပေါင်း ၇၀ ခန့်ရှိရာ ရေခဲသေတ္တာနှင့် ADAS စနစ် ထည့်သွင်းပေးထားမှုတို့ အပါအဝင် ဖြစ်သည်။

leapmotor_c16_2026-3-800x450.jpg

Leapmotor C16 သည် large crossover ဖြစ်ပြီး တရုတ်ပြည်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လကတည်းက စတင်ရောင်းချပေးနေခဲ့သည်။

Leapmotor သည် Stellantis က ကျောထောက်နောက်ခံပေးထားသော brand ဖြစ်သည်။

ကနဦးတွင် EREV နှင့် BEV powertrain များဖြင့်လာပြီး ဈေးတန်းမှာ ယွမ် ၁၅၅၈၀၀ မှ ၁၈၅၈၀၀ (ကန်ဒေါ်လာ ၂၁၆၈၅ မှ ၂၅၈၆၀ ကြား) ရှိသည်။

 

leapmotor_c16_2026-2-800x450.jpg

ယင်းနောက် တစ်နှစ်အကြာတွင် Leapmotor က ၎င်း၏ flagship SUV ကို updated variant များ ထုတ်လုပ်လာခြင်းလည်း ဖြစ်သည်။

ယခု variant တွင် upgrade ပြုလုပ်ထားမှုပေါင်း ၇၀ ပါဝင်ရာ five-seat interior option လည်း အပါအဝင် ဖြစ်သည်။

၂၀၂၆ မော်ဒယ် Leapmotor C16 သည် ၂၀၂၄ မော်ဒယ်ကို update ပြုလုပ်ထားခြင်း ဖြစ်သည်။

leapmotor_c16_2026-1-800x450.jpg

[ ၁။ ၂၀၂၄ မော်ဒယ်ထက် ထူးခြားလာသည့်အချက်များ ]

■ ယခင် မော်ဒယ်ထက် upgrade ပေါင်း ၇၀ ရှိလာသည်။
■ 5 seat ရွေးချယ်စရာတိုးလာသည်။ (ယခင်မော်ဒယ်မှာ 6-seat တစ်မျိုးတည်းသာလာသည်)
■ အနိမ့်ဆုံးဈေးနှုန်း ယခင်ထက် ပိုမိုသက်သာလာသည်။ ( ယခု= ၁၅၁၈၀၀ ယွမ် Vs. ယခင် ၁၅၅၈၀၀ ယွမ်)
■ အဆင့်မြင့် နည်းပညာများ (LiDAR, Snapdragon 8295 chip, ရေခဲသေတ္တာ)

leapmotor_c16_2026-7-800x450.jpg

[ ၂။ အပြင်ပိုင်းနှင့် Dimension ]

■ ဒီဇိုင်း= LED မီးတန်း၊ retractable door handle တို့ဖြင့် Minimalism ဒီဇိုင်းဖြစ်သည်။
■ အရွယ်အစား
=4,915/1,905/1,770 mm
= Wheelbase- 2,825 mm (၂၀၂၄ မော်ဒယ်နှင့် တူညီ)

leapmotor_c16_2026-6-800x450.jpg

[၃။ အတွင်းပိုင်း Upgrade များ]

■ ထိုင်ခုံရွေးချယ်စရာ
=6-seat (2+2+2) (မူရင်း layout)
= 5-seat (2+3) / ထိုင်ခုံ ၄ ခုတွင် လေဝင်လေထွက်၊ အပူပေးစနစ်နှင့် နှိပ်နယ်ပေးမှုတို့ ပါဝင်
■ နည်းပညာပိုင်း
= 8.1L refrigerator ရေခဲသေတ္တာ (အပူ၊ အအေး support ပေးသည်)
= infotainment အတွက် Snapdragon 8295 chip
= LiDAR (Qualcomm 8650 processor)
= ADAS စနစ်အတွက် Sensor များ- mm-wave radar ၅ ခု၊ ကင်မရာ ၁၂ လုံး၊ ပါကင် sensor ၁၂ ခု

leapmotor_c16_2026-5-800x450.jpg

[ ၄။ Powertrain နှင့် Range ]

■ Electric (BEV) ဗားရှင်း
=Platform- 800V high-voltage system
■ ဘက်ထရီ ရွေးချယ်စရာ
= 74.9 kWh LFP / ၅၈၀ ကီလို range (၂၀၂၄ ဗားရှင်းထက် ကီလို ၆၀ ကျော် ပိုလာ)
= 81.9 kWh LFP/ ၆၃၀ ကီလို range (၂၀၂၄ ဗားရှင်းတွင် ၅၈၀ ကီလို range)
မော်တာ= 220 kW (295 hp)
■ EREV (Extended-Range EV) ဗားရှင်း
= အင်ဂျင် 1.5L NA ဂျင်နရေတာအဖြစ်အသုံးပြုသည်။ (70 kW/94 hp)
■ ဘက်ထရီရွေးချယ်စရာ
=28.4 kWh / ကီလို ၂၀၀ (electric range)
= 38.7 kWh / ကီလို ၂၈၀ 280 (electric range)
မော်တာ= 170 kW (228 hp)

leapmotor_c16_2026-4-800x450.jpg

[၅။ ၂၀၂၆ မော်ဒယ်၏ ဈေးနှုန်းများ]

● 200 EREV 6-Seat = ယွမ် ၁၅၁၈၀၀ (ကန်ဒေါ်လာ ၂၁၁၃၀)
● 280 EREV LiDAR 6-Seat= ယွမ် ၁၆၁၈၀၀ (ကန်ဒေါ်လာ ၂၂၅၂၀)
● 280 EREV LiDAR 5-Seat (Zhizun)= ယွမ် ၁၆၈၈၀၀ (ကန်ဒေါ်လာ ၂၃၅၀၀)
● 280 EREV LiDAR 6-Seat (Zhizun)= ယွမ် ၁၇၁၈၀၀ (ကန်ဒေါ်လာ ၂၃၉၁၀)
● 580 BEV 6-Seat= ယွမ် ၁၆၁၈၀၀ (ကန်ဒေါ်လာ ၂၂၅၂၀)
● 630 BEV LiDAR 6-Seat= ယွမ် ၁၇၁၈၀၀ (ကန်ဒေါ်လာ ၂၃၉၁၀)
● 630 BEV LiDAR 5-Seat (Zhizun)= ယွမ် ၁၇၈၈၀၀ (ကန်ဒေါ်လာ ၂၄၈၈၅)
● 630 BEV LiDAR 6-Seat (Zhizun)= ယွမ် ၁၈၁၈၀၀ (ကန်ဒေါ်လာ ၂၅၃၀၀)

[၆။ ဈေးကွက်ယှဉ်ပြိုင်မှု အားသာချက်များ]

■ 5-seat luxury option (ဤအတန်းအစားတွင် ရှားပါးသည်။)
■ range ပိုကောင်းလာ (လျှပ်စစ်ဖြင့် ၆၃၀ ကီလိုအထိရ)
■ Stellantis ကျောထောက်နောက်ခံပြု (global credibility)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 2026 Leapmotor C16 SUV launched in China – five seats and a 4.9-meter body  (carnewschina)