တရုတ်ပြည်ထုတ် Hongqi တစ်ပတ်ရစ်ကားတစ်စင်းကို ဒူဘိုင်းမှ သူဌေးတစ်ဦးက ဒေါ်လာ ၁ ဒသမ ၅ သန်းပေးကာ ဝယ်ယူ

  • 542 views

image-222-768x432.jpg
တရုတ်ပြည်ထုတ် luxury ကားမော်ဒယ်ဖြစ်သော Hongqi Golden Sunflower Guoli Lanting Yayun တစ်ပတ်ရစ်တစ်စင်းကို တရုတ်ပြည်၊ အတွင်းမွန်ဂိုလီးယားဒေသ၊ Ordos ပြည်နယ်မှသည် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ တင်ပို့ပေးခဲ့သည်။

အဆိုပါကားကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ တရုတ်ပြည်ထုတ် luxury ကားတစ်စင်းအတွက် အမြင့်ဆုံးဈေးနှုန်းအဖြစ်လည်း စံချိန်တင်ခဲ့သည်။

ထိုကား၏ တရုတ်ပြည်တွင်း ပေါက်ဈေးမှာလည်း ယွမ် ၁၁ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း) ဖြစ်သည်။

ဝယ်ယူသွားသူမှာ ဒူဘိုင်းအခြေစိုက် Quantitative Trading Equal Fund ကို တည်ထောင်သူ စတန်နီဆလက်ဗ် ဆင်မန်နော့ဗ် (Stanislav Semenov) ဖြစ်သည်ဟု ဆိုသည်။

စတန်နီဆလက်ဗ်သည် ယခုနှစ်အစောပိုင်းက ကျင်းပခဲ့သော ရှန်ဟိုင်းကားပြပွဲတွင် ထိုကားကို ကြိုတင်မှာယူသွားခဲ့ခြင်း ဖြစ်သည်။

 

image-224.jpg

(စတန်နီဆလက်ဗ် ဆင်မန်နော့ဗ် -ယာစွန်မှ ပုဂ္ဂိုလ်)

Golden Sunflower Guoli Lanting Yayun သည် ဒေါ်လာ သန်းချီတန်ကြေးရှိသော ကားမော်ဒယ်ဖြစ်ပြီး အထူးစိတ်ကြိုက် ထုတ်လုပ်ပေးလေ့ရှိသည်။

အရွယ်အစားမှာ 5980/2090/1710mm နှင့် wheelbase မှာ 3730mm ဖြစ်သည်။
Hongqi L5 ဒီဇိုင်းမျိုးဖြစ်ပြီး ရေတံခွန်အသွင် chrome grille နှင့် traditional round headlamp များ အသုံးပြုထားသည်။

image-223.jpg

[ Specification နှင့် Feature များ]

၁။ ဒီဇိုင်း

  ■ Dimensions= 5,980mm/2,090/1,710mm နှင့် wheelbase -3,730mm.  
  ■ သွင်ပြင်
     =Hongqi L5 ကို inspire ယူထားသည်။ 
    ■ ရှေ့ဘက် grille= ရေတံခွန်အသွင် ဒေါင်လိုက်လိုင်းများမှာ စက္ကူမပေါ်မီ ရှေးအခါက တရုတ်ပြည်တွင် စာရေးရာ၌ အသုံးပြုခဲ့သော ဝါးပြားများကို ရည်ညွှန်းသည်ဟု ဆိုသည်။

image-225.jpg

[၂။ Luxury လက်ရာ ]
   ■ အတွင်းပိုင်း
     = ယွန်းလက်ရာ- ဖူကျိုး ယွန်းလက်ရာများကို အသုံးပြုထားသည်။ (လက်ဖြင့် ပြုလုပ်ရသော အလွှာ ၂၈ လွှာ၊ ရက်ပေါင်း ၆၀ အခြောက်ခံ၊ အရောင်တင်ခြင်း)
■ နည်းပညာ
     = ၁၄ ဒသမ ၂ လက်မ OLED screen
     = လေကာမှန်ပေါ်တွင် လမ်းညွှန်နှင့် လက်ရေးစာများ ဖော်ပြပေးသည့် AR-HUD စနစ်

image-226.jpg

[၃။ Performance]

  ■ အင်ဂျင်= 4.0T V8 twin-turbo (တရုတ်ပြည်တွင် ထုတ်လုပ်သည်)။ ဆွဲအား 388 HP၊ ရုန်းအား 530 Nm
  ■ ဂီယာ=8-speed automatic + intelligent AWD.  
  ■ အမြန်နှုန်း တင်နိုင်မှု= 0–100 km/h ကို ၅ ဒသမ ၁ စက္ကန့်အတွင်း ရနိုင်

image-227.jpg

 

image-228.jpg

 

image-229.jpg

 

image-230.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 1.5 million USD: second-hand Hongqi luxury car sets new Chinese export record   (carnewschina)