HYUNDAI ACCENT 2020
Starting From
259 Lakhs 6 Lakhs / month
Accent ကတော့ ကားသစ်ဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ compact sedan ကလေးဖြစ်ပါတယ်။ လူအများ လက်လှမ်းမီနိုင်တဲ့ဈေးနှုန်း၊ ကားရဲ့ကိုယ်ထည်မာကျောကြံ့ခိုင်မှု၊ အတွင်းခန်း ခေတ်မီနည်းပညာတွေနဲ့ပြည့်စုံမှု စတာတွေဟာ accent ရဲ့အားသာချက်တွေပါပဲ။ ထူးထူးခြားခြားနှစ်သက်မိတာတစ်ခုကတော့ Ionizer လို့ခေါ်တဲ့ လေသန့်စင်ပေးနိုင်မှု စနစ်ပါရှိခြင်းပါပဲ။ လေထုညစ်ညမ်းမှုမြင့်တက်နေတဲ့ နေရာဒေသတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးထားတာမျိုးပေါ့။
Hyundai Accent မှာအသုံးပြုထားတဲ့ အင်ဂျင်က 1.4-litre MPi ဓါတ်ဆီအင်ဂျင်ပါ။ အမြင့်ဆုံးအမြန်နှုန်းအနေနဲ့ 183kph ဒါမှမဟုတ် 114mph အထိမောင်းလို့ရတယ်။ 0-100kph အထိအရှိန်ရဖို့ဆိုရင် ၁၃.၄ စက္ကန့်ကြာအောင်မောင်းရတာဖြစ်တဲ့အတွက် မဆိုးပါဘူး။ မောင်းလို့ကောင်းတယ်။ ထူးခြားချက်ကတော့ ဆီစားနှုန်းပါ။ တော်တော်သက်သာတာကိုတွေ့ရတယ်။ မြို့တွင်းမောင်းနှင်ရာမှာ 12.6kpl အထိရတယ်။ မိုင်နဲ့ဆိုရင်တော့ 30mpg လောက်ရှိပါလိမ့်မယ်။ ဒါဟာ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာပါသလို လက်တွေ့လည်းကျတာကိုတွေ့ရတဲ့အတွက် အထင်ကြီးစရာပါ။ အမြန်လမ်းတွေပေါ်မှာဆိုရင်တော့ ဆီစားနှုန်းက 16.4kpl လို့ဆိုပါတယ်။ 39mpg ဝန်းကျင်ပေါ့။
မောင်းနှင်မှုအပိုင်းမှာလည်း subcompact sedan တစ်စီးအနေနဲ့ ဘာမှဝေဖန်စရာမရှိသလို အတွင်းခန်းအပြင်အဆင်နဲ့ အရည်အသွေးကလည်း ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိပါတယ်။ လေပေါက်ငယ်လေးတွေပါတဲ့ ထိုင်ခုံဟာ သားရေအစစ်မဟုတ်ပေမဲ့ အကြမ်းလည်းခံ၊ ကြည့်လို့လည်းကောင်း ထိုင်ရတာလည်းအရသာရှိတဲ့ vinyl leather နဲ့။ အသစ်စက်စက်ဝယ်အပြီးမှာ တစ်ပတ်နှစ်ပတ်လောက် vinyl နံ့ နံတတ်ပေမဲ့ ကြာလာကောင်းလေ so far so good ပါပဲ။
ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ ဈေးနှုန်းမများဘဲ နေ့စဉ်ဘဝလက်တွေ့အသုံးဝင်နိုင်မယ့် subcompact sedan ကိုရှာနေမယ်ဆိုရင်တော့ Hyundai ရဲ့ Accent ဟာ လက်ရှိအချိန်မှာ စိတ်ဝင်စားစရာအကောင်းဆုံးတွေထဲက တစ်စီးလို့ပြောနိုင်ပါတယ်။
Name | HYUNDAI Accent |
Body Type | Sedan |
Price | 259 Lakhs 6 Lakhs / month |
Transmission Type | 6 Speed Auto |
Engine Size | Kappa 1.4Mpi |
Displacement | 1,368 CC |
Number of Cylinders | 4 |
Number of Valves | 16 |
Transmission Category | 6AT |
Power Train | 2WD |
Max Output (HP) | 100/6,000 |
Max Torque (nm) | 13.6/4,000 |
Acceleration Rate | 13.6/4,000 |
Top Speed | 185 |
Fuel type | Gasoline |
Co2 emission | n/a |
Fuel capacity | 43L |
Fuel consumption | 14.1 |
Range | n/a |
Length | 4385 |
Width | 1729 |
Height | 1450 |
Wheelbase | 2580 |
Turning circle | n/a |
Ground clearance | 203 |
Wading Depth | n/a |
Trunk Capacity | 387 l |
Max Cargo | n/a |
No Of Doors | 4 |
No Of Seats | 5 |
Driver Airbag | ✓ |
Front Passenger Airbag | ✓ |
Side Airbag | ✕ |
Curtain Airbag | ✕ |
Knee Airbag | ✕ |
Electronic Brake Distribution | ✕ |
ABS | ✓ |
Immobilizer | ✕ |
Security Alarm | ✓ |
Stability Control | ✕ |
Electronic Door Locks | ✓ |
Speed Sensing Door Locks | ✓ |
Isofix | ✕ |
Lane Departure Warning System | ✕ |
Blind Spot Detection System | ✕ |
Wheels Size | 16 |
Wheels Metal Type | Y |
Airconditioning System | Round aircon |
Entertainment System | Infotainment ( 7.5)'' - Monitor |
Connectivity | Bluetooth,CD,USB,AUX,DVD |
Warranty | 3 Years or 100000Km |
Cruise Control | ✕ |
Front Parking Sensors | ✕ |
Rear Parking Sensors | ✓ |
Leather Upholstery | ✓ |
Push Start Button | ✓ |
Navigation Ready | ✓ |
Keyless Entry | ✓ |
Roof Rack | ✕ |
Sunroof | ✕ |
Electric Adjustable Seats | ✕ |
Power Steering | ✓ |
Power Window | ✓ |
Power Outlet | ✕ |
Steering Wheel Audio Control | ✕ |
Awd Modes | n/a |
Active Park Assist | ✕ |
Hill Start Assist | ✕ |
Tire Pressure Monitoring | ✕ |
Heads Up Display | ✕ |
Power Liftgate | ✕ |
Start Stop System | ✕ |
Phone Integration | Y |
Camera | Y |
Parking Assist System | Y |
Sound System | Y |
Rear Seat Entertainment | ✕ |