GAC Motor
မင်္ဂလာပါရှင် GAC ကတော့ China International Premium Brand ဖြစ်ပါတယ်ရှင်
GAC Group သည် ၁၉၉၇ခုနစ်မှ စတင်ကာ တရုတ်ပြည်တွင်းတွင် Toyota, Honda, Mitsubishi, Jeep, Fiat နှင့် Hino အစရှိသည့် နိုင်ငံတကာမှ ကားအမှတ်တံဆိပ်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော တရုတ်နိုင်ငံမှ ကားအမှတ် တံဆိပ်ဖြစ်ပါသည်။ ၂၀၁၀ခုနစ်မှ စတင်ပြီး မိမိကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် GAC ကားများကို ထုတ်လုပ်ရောင်းချနေခဲ့ပြီး အချိန်တိုအတွင်းတွင် ကားအစီးရေပေါင်း ၂သန်းကျော် ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ပါသည်။
၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် နှစ်စဉ် ကမ္ဘာ့အသိအမှတ်ပြု ထုတ်ပြန်သော Fortune Global 500 တွင် GAC Group မှ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများစာရင်း ၂၃၈ နေရာတွင် ရပ်တည်ရရှိခဲ့ပြီး ယခုတွင်GAC Group သည် ယမန်နှစ်ထက် ၆၅ နေရာတိုးပြီး ရရှိခဲ့သည့်အပြင် ၂၀၁၃ ခုနှစ်ကတည်းက Fortune Global 500 အတွင်းတွင် ၆ နှစ်တိုင်တိုင် ပါ၀င်ခဲ့ခြင်းဖြစ်ပါသည်။
GAC မှကားများအားလုံးသည် အရည်အသွေးကို စစ်ဆေးသော J.D Power ၏ တရုတ်နိုင်ငံထုတ်ကားများတွင် အဆင့် (၁) ကို နှစ်စဉ်ရရှိထားသော ကားအမှတ်တံဆိပ်ဖြစ်ပါသည်။ GAC မှ ကားမော်ဒယ်အားလုံးသည် လုံခြုံစိတ်ချမှုကို စစ်ဆေးသော C-NCAP မှ အမြင့်ဆုံးအဆင့်ဖြစ်သည့် ကြယ် (၅) ပွင့်ကိုလဲ ဆွတ်ခူးရရှိထားပါတယ်ရှင်
No 351 Pyay Road, Sanchaung Township ,Yangon,Myanmar
Ph - 09 967 699991, 09 967 699992