• Home
  • Car News
  • ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှအဆက်(၂၁)

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှအဆက်(၂၁)

  • 388 views

 

(၈) “အမြန်လမ်းမကြီးအဆုံး” ဆိုင်းဘုတ်ကို အောက်ခံအပြာရောင် ထောင့်မှန် စတုဂံပုံတွင် လမ်းမကြီးပုံ သင်္ကေတအား အဖြူရောင်ဖြင့်လည်းကောင်း၊ အထက်လက်ယာဘက်မှ အောက်လက်ဝဲဘက်သို့ ထောင့်ဖြတ်မျဉ်းကို အနီရောင်ဖြင့်လည်းကောင်း ရေးဆွဲရမည်။ ထောင့်ဖြတ်မျဉ်း၏ အတိုင်းအတာသည် ၄.၇၅ လက်မ (၁၂ စင်တီမီတာ) ထက် မကျယ်စေရ။ ယာဉ်မောင်းနှင်သူများအား အမြန်လမ်းမကြီးအဆုံးသို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် အခြားလမ်းအမျိုးအစားများအတွက် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ နောက်ဆက်တွဲ လမ်းစည်းကမ်းများကို စတင်လိုက်နာရမည်ဖြစ်ကြောင်း အသိပေးလိုလျှင်ဤဆိုင်းဘုတ်ကို အသုံးပြုရမည်။ သာမန်အားဖြင့် အမြန်လမ်းနှင့် အခြားလမ်းအမျ ိုးအစားများတွင် လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများမတူညီလျှင် အသုံးပြုရမည်။ “အမြန်လမ်းမကြီးအဆုံး” ဆိုင်းဘုတ်ကို ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ်သတိပေးခြင်းနှင့်စပ်လျဉ်း၍ အကွာအဝေးသတ်မှတ်ချက်များကို လိုက်နာလျက် စိုက်ထူရမည်။ အမြန်လမ်းမကြီးအဆုံးသို့ ရောက်ရှိမည့်အကွာအဝေးကို ပထမအကြိမ်၊ ဒုတိယ အကြိမ် ကြိုတင်သတိပေးသည့် ဆိုင်းဘုတ်အတွင်း အမြန်လမ်းမကြီးသင်္ကေတပုံအောက်၌ ရေးသားဖော်ပြနိုင် သည်။ (ပုံ-၁၄၉)

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com