• Home
  • Car News
  • ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၅)

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၅)

  • 185 views

 

(၂) **“ယာဉ်ကြောတစ်ခုအတွင်း သတ်မှတ်အမြန်နှုန်းအောက် လျှော့မမောင်းရ”**ဆိုင်းဘုတ်ကို အောက်ခံအပြာ ရောင် စတုရန်းပုံအတွင်း ယာဉ်ကြောအလိုက် ဦးတည်ရာလမ်းကြောင်းပြ မြားပုံများအား အဖြူရောင်ဖြင့် လည်းကောင်း၊ သတ်မှတ်သည့်အမြန်နှုန်းကို သက်ဆိုင်ရာမြားပုံပေါ်တွင်လည်းကောင်း ရေးဆွဲရမည်။ အနိမ့်ဆုံးအမြန်နှုန်းဖြင့် မောင်းနှင်နိုင်သော ယာဉ်ကြောအဖြစ် သတ်မှတ်ရာတွင် ဤဆိုင်းဘုတ်ကို အောက်ခံ အပြာရောင် စတုရန်းပုံအတွင်း ဦးတည်ရာလမ်းကြောင်းပြမြားပုံများကို အဖြူရောင်ဖြင့်လည်းကောင်း၊ အမြန်နှုန်းကန့်သတ်ချက်ကို အဆိုပါ မြားပုံပေါ်တွင်လည်းကောင်း ရေးဆွဲရမည်။ အနိမ့်ဆုံး အမြန်နှုန်းအဖြစ် မောင်းနှင်နိုင်သည့် ယာဉ်ကြောကို မြို့တွင်းလမ်းများနှင့် စည်ကားသောနေရာများရှိ လမ်းများတွင် သတ်မှတ်ရမည်။ (ပုံ-၁၃၉)

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com