• Home
  • Car News
  • ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက် (၁၄)

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက် (၁၄)

  • 303 views

(ဃ) ထူးခြားအမိန့်ပေးလမ်းညွှန်းများ။ ထူးခြားအမိန့်ပေးလမ်းညွှန်းများနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များ မှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) “ယာဉ်ကြောအလိုက် သတ်မှတ်အမြန်နှုန်းအောက် လျှော့မမောင်းရ” ဆိုင်းဘုတ်ကို အောက်ခံအပြာရောင် စတုရန်းပုံအတွင်း ယာဉ်ကြောအလိုက် ဦးတည်ရာလမ်းကြောင်းပြ မြားပုံများကို အဖြူရောင်ဖြင့်လည်းကောင်း၊ သတ်မှတ်သည့် အမြန်နှုန်းကို သက်ဆိုင်ရာမြားပုံများပေါ်တွင်လည်းကောင်း ရေးဆွဲရမည်။ စတုရန်းပုံသည် နှစ်ပေ (၆၁ စင်တီမီတာ) ပတ်လည်ရှိ အတိုင်းအတာအောက် မငယ်ရ။ ယာဉ်ကြောအလိုက် မောင်းနှင်ရမည့် အမြန်နှုန်းကို သတ်မှတ်ရာတွင်လက်ဝဲဘက်အစွန်ဆုံး ယာဉ်ကြောအား ကျန်ယာဉ်ကြောတို့ထက် အမြန်နှုန်းပိုမို ခွင့်ပြုသတ်မှတ်ပေးနိုင်သည်။ ယာဉ်မောင်းနှင်သူများသည် သက်ဆိုင်ရာ ယာဉ်ကြောအတွင်း သတ်မှတ်သည့် အမြန်နှုန်းအောက်လျှော့၍ မောင်းနှင်ခြင်းမပြုရ။ (ပုံ-၁၃၈)

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com