ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၂၁)
- 174 views
၂၁။ ကိုယ်ပိုင်မော်တော်ယာဉ်မှ အငှားယာဉ်သို့ မှတ်ပုံတင်ပြောင်းလဲခြင်းပြုလိုသော မော်တော်ယာဉ်ပိုင်ရှင်သည် -
(က) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။
(ခ) ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပေဒအရ သက်ဆိုင်သည့် လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်ရေး ဦးစီးဌာနသို့ပေးပို့သည့် ညှိနှိုင်း အကြောင်းကြားစာပါရှိရမည်။
(ဂ) အငှားယာဉ်အဖြစ်သို့ ပြောင်းလဲလိုသော မော်တော်ယာဉ်အတွက် သတ်မှတ်ထားသော သူတစ်ပါးထိခိုက်မှုအာမခံ ခြားနားငွေကို ပေးဆောင်ရမည်။
၂၂။ အငှားယာဉ်၏ မှတ်ပုံတင်သက်တမ်းကာလသည် ဦးစီးဌာနက သတ်မှတ်သည့်အတိုင်း ဖြစ်ရမည်။
၂၃။ အငှားယာဉ်ကို ကိုယ်ပိုင်မော်တော်ယာဉ်နှင့် ခွဲခြားသိရှိနိုင်ရန် ဦးစီးဌာနက သတ်မှတ်ရမည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com