• Home
  • Car News
  • ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၁၂)

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၁၂)

  • 109 views

 

 

၅။ မော်တော်ယာဉ်ပိုင်ရှင်သည် မော်တော်ယာဉ်ကို မှတ်ပုံတင်ရန် သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံ ဦးစီးဌာနက သတ်မှတ်သည့်ပုံစံဖြင့် လျှောက်ထားရမည်။

၆။ သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိသည် မော်တော်ယာဉ်များကို ကနဦးမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ယာဉ်စစ်ဆေးရာတွင် သက်ဆိုင်ရာအထောက်အထား ဖော်ပြချက်များနှင့် ကွဲလွဲပြီး ဘောင်အမှတ် ဖောက်ထည့်သွင်းထားခြင်း၊ ဘောင်အမှတ် ပြန်လည်ရိုက်နှိပ်ထားခြင်း၊ ထုတ်လုပ် ခုနှစ်ပုံစံကွဲလွဲခြင်းနှင့် နည်းဥပေဒများ အခန်း(၃)ပါ သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိခြင်းတို့ကို စိစစ်တွေ့ရှိရပါက ကနဦး မှတ်ပုံတင်ခြင်းကို ငြင်းပယ်ရမည်။

၇။ သက်ဆိုင်ရာမှတ်ပုံတင်အရာရှိသည် နည်းဥပေဒ ၅ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင် သတ်မှတ် ထားသည့် စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံစွာပူးတွဲတင်ပြခြင်း ရှိ မရှိကိုလည်းကောင်း၊ အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရန် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်တပ်ဆင်ထားသည့် မော်တော် ယာဉ် ဟုတ် မဟုတ်ကိုလည်းကောင်း၊ တင်ပြစာရွက်စာတမ်း အထောက်အထားများနှင့် ကိုက်ညီမှုရှိသည့် မော်တော်ယာဉ် ဟုတ် မဟုတ်ကိုလည်းကောင်း စိစစ်၍ မော်တော်ယာဉ်ကို မှတ်ပုံတင်ခွင့် ပြု မပြု ဆုံးဖြတ်ရမည်။

၈။ သက်ဆိုင်ရာမှတ်ပုံတင်အရာရှိသည် မော်တော်ယာဉ်ကို မှတ်ပုံတင်ခွင့်မပြုကြောင်း ဆုံးဖြတ်ပါက မည်သည့် အကြောင်းကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း ကျိုးကြောင်းဖော်ပြ၍ မော်တော်ယာဉ်ပိုင်ရှင်ထံ အသိပေး အကြောင်းကြားရမည်။


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com