• Home
  • Car News
  • (၂)နှစ်ပိတ်သည့် ယာဉ်မောင်းလိုင်စင် (၄) နှစ်ကြာမှ ပြန်ရကြသူများ

(၂)နှစ်ပိတ်သည့် ယာဉ်မောင်းလိုင်စင် (၄) နှစ်ကြာမှ ပြန်ရကြသူများ

  • 515 views

"ဆရာ... ကျွန်တော့်ယာဉ်မောင်းလိုင်စင်ကို (၁) နှစ်ပိတ်တယ်ဆိုလို့စောင့်နေတာ၊ အခု (၁) နှစ်ကျော်လို့သက်တမ်းသွားတိုးတော့ အခုကစလို့မှ (၁)နှစ်စပိတ်တယ်တဲ့ဆရာ"

"ကျွန်တော့်လိုင်စင်လဲ (၂)နှစ်ပိတ်ခံထားရတယ်ဆရာ။ သက်တမ်းကုန်ဖို့ကလဲ (၂)နှစ်ကျော်လောက် ကျန်သေးတာမို့ သက်တမ်းတိုးမှာနဲ့ ပိတ်ခံထားရတာနဲ့ ကွက်တိဆိုပြီး မှတ်ထားတာ။ အခု သက်တမ်းသွားတိုးတော့မှ။ အခုမှစပြီး (၂)နှစ် ပိတ်တယ်လို့ပြောတယ်ဆရာရယ်"

ဒီလိုမျိုးတွေဟာ ယာဉ်မောင်းတွေကြား အဖြစ်များကြပါတယ်။ တချို့ကပိတ်ထားကို မသိတာ တချို့ကသိတယ်။ အထက်ပါအကြောင်းအရာလိုပဲ ထင်မှတ်ထားပြီး ဆက်သုံးနေကြတာ မိမိနားလည်ထားတာတွေနဲ့ လွဲနေကြတာပေါ့ဗျာ။

အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခံထားရတဲ့ ယာဉ်မောင်းလိုင်စင်တွေဟာ ကညနမှာ လုပ်ငန်းလာရောက် ဆောင်ရွက်သည့်နေ့မှစ၍(လုပ်ငန်းလာရောက်ဆောင်ရွက်သည့်နေ့မှစ၍) စပိတ်သိမ်းပါတယ်။ မိမိလိုင်စင်ဟာ အကြောင်းကြောင်းကြောင့် ပိတ်သိမ်းခံရတယ်ဆိုတာသိခဲ့ရင်၊ ပိတ်ခံရလိမ့်မယ်လို့ ထင်ခဲ့မိရင်၊ ကညနကိုသွားပြီး အကြောင်းကြားပါ။ မေးပါ။ ဆွေးနွေးပါ။ ဒါဟာလည်း လုပ်ငန်းလာရောက်ဆောင်ရွက်ခြင်းမို့ ပိတ်သိမ်းတဲ့ရက်ကို မိမိလာရောက် သတင်းပို့တဲ့နေ့ကစလို့ မှတ်ယူလိုက်ပါပြီ။

ကညနကို သွားရောက်ဆွေးနွေး အကြောင်းကြားခြင်းမရှိဘဲ "အခုဆို ပိတ်ထားတဲ့နှစ်ပြည့်ပြီ" ဆိုပြီး မိမိအဆင်ပြေသလို တွေးတောဆောင်ရွက်နေခဲ့လို့ အခုမှပဲ ကညနကို သွားခဲ့တာဆိုရင်တော့ အထက်ကပြောထားသလို လုပ်ငန်းလာရောက်ဆောင်ရွက်သည့်နေ့မှစ၍ဆိုတဲ့ အကြောင်းအရာထဲ အကြုံးဝင်သွားတာမို့ အဆင်မပြေတော့တဲ့ အခြေအနေတွေဖြစ်သွားရတာပါ။ ဒါကြောင့် အထက်က မေးတဲ့သူတွေလိုမျိုး မဖြစ်ရလေအောင် နာလည်ဗဟုသုတရစေဖို့ မျှဝေလိုက်ပါတယ်။

Credit:  ကိုသားငယ် ကညနဝန်ဆောင်မှုလုပ်ငန်းနှင့် ကားရောင်းဝယ်ရေး