ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၁၃)
- 116 views
၉။ (က) တစ်ဦးထက်ပို၍ စုပေါင်းပိုင်ဆိုင်သော မော်တော်ယာဉ်ပိုင်ရှင်များ သို့မဟုတ် ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးအသင်းအဖွဲ့များက မော်တော်ယာဉ်ပိုင်ရှင်အဖြစ် မှတ်ပုံတင်နိုင်သည်။ ထိုမော်တော်ယာဉ်နှင့် စပ်လျဉ်း၍ မှတ်ပုံတင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် မော်တော်ယာဉ်ပိုင်ရှင်များ သို့မဟုတ် ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ သဘောတူညီချက်ဖြင့် တစ်ဦးတစ်ယောက်ကို တာဝန်ပေးနိုင်သည်။
( ခ) အရွယ်မရောက်သေးသူဖြစ်လျှင် ယင်းအတွက် တာဝန်ယူမည့် အုပ်ထိန်းသူက မှတ်ပုံတင်ရမည်။ အုပ်ထိန်းသူ၏အမည်နှင့် နေရပ်လိပ်စာကို မော်တော်ယာဉ်ပိုင်ရှင်နှင့်တွဲ၍ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်နှင့် မှတ်တမ်းများတွင်ရေးသွင်းထားရမည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com