ကားမောင်းတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို တိုင်းတာလို့ရ မရ ..
- 347 views
ကားမောင်းတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို တိုင်းတာလို့ရပါတယ်။
ဥပမာ.....
Left or Right Signal မပြဘဲ တစ်ဖက်ယာဉ်ကြောကို ဝင်ရင် ကြက်ဦးနှောက်
ကြက်တွေက ဘယ်တော့မှ Signal ပြလေ့မရှိဘူး
ကားပါကင်ကို လမ်းပေါ်မှာ ဒီအတိုင်း ရပ်ထားခဲ့ရင် နွားဦးနှောက်
နွားတွေက သူတို့ လှဲချင် အိပ်ချင်တဲ့ နေရာမှာ လှဲအိပ်လိုက်တာပဲ
မီးပွိုင့်မှန်းလည်း သိတယ် ကားပိတ်နေမှန်းလည်း သိတယ် ဒါပေမဲ့ ဟွန်းကို ဖိတီးတယ်
ဒါဆို သေချာတယ် အဲ့ကောင် ဆိတ်ဦးနှောက်
ဆိတ်တွေက လိုလို မလိုလို တပဲပဲနဲ့လေ
တစ်ချို့ကျတော့ လမ်းလယ် ယာဉ်ကြော ဒါမှမဟုတ် အပေါ်ကြောက မောင်းတယ် မောင်းတော့ တစ်လမ်းလုံးကို ဝယ်ထားသလို ကီလို ၂၀ လောက်နဲ့ ပြည်လမ်းပေါ် မောင်းနေပြီဆိုရင် ဘဲဦးနှောက်
ဘယ်သူလာလာ မလာလာ ဘယ်သူပဲ နောက်မှာရှိရှိ ကားယားကားယားနဲ့ သွားနေတဲ့ ဘဲမျိုး ဘဲနွယ်
ရှေ့မှာရှိသမျှကားမှန်သရွေ့
ငြိချင်ငြိ၊ အတင်းကျော်တက်ခဲ့ရင် မြင်းဦးနှောက်
ပြေးဖို့ပဲ သိတာလေ။
ဝေါကနဲ အတင်းထိုးမောင်းရင် ကြွက်ဦးနှောက်။
အပြေးမြန်ဖို့ပဲ တွေးတတ်တယ်လေ။
ဘယ်ကြော ယူမလိုလို
ညာကြော ယူမလိုလိုနဲ့ အတည်တကျမရှိဘဲ
တုံ့နှေးတုံ့နှေး မောင်းနေခဲ့ရင်
မိန်းမဦးနှောက်။
ဆုံးဖြတ်ချက် မပြတ်သားဘူးလေ
ဘယ်လိုမောင်းကြလဲ .....
Credit: AMO