ကားဈေးကွက်အတွင်း ဝယ်ယူရန် ရှာဖွေမှု နည်းပါးနေ
- 705 views
သင်္ကြန်ကာလနီးကပ်လာသည့်အပြင်် စက်သုံးဆီ ဈေးများမြင့်တက်လာမှုကြောင့် ကားဈေးကွက်အတွင်း ဝယ်သူ နည်းပါးနေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များ ထံမှသိရသည်။
ပုံမှန် ICE စက်သုံးဆီကားသစ်များ အပြင် ဂျပန်တစ်ပါတ်ရစ်ကားများ ပါ ဝယ်သူနည်းပါးနေကြောင်း နှင့် အရောင်းများသော်လည်းဈေး ကျဆင်းခြင်းမရှိကြောင်း သိရသည်။
“ကားသစ်ဝယ်မယ်ဆိုရင် EV ကားကို လူတွေက ပိုစိတ်ဝင်စားကြတယ် ။ ICE စက်သုံးဆီကားတွေ ကျတော့ မော်ဒယ်အမြင့်ပိုင်းတွေဆိုရင်တော့ ဝယ်သူ ရှိတယ် မော်ဒယ်အနိမ့်တွေနဲ့ အင်ဂျင်ပါဝါအသေးတွေက ကြိုက်ရောင်းကြိုက်ဝယ် ပုံစံမှာ အရောင်းပိုများနေတယ်” ဟုသိမ်ဖြူ ကားဝယ်ရောင်း အသင်းမှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
အိမ်စီးကားဈေးကွက်မှာ နယ်ဘက်မှ အဝယ်ကျဆင်းခြင်းနှင့် ရန်ကုန်နှင့် မန္တလေးမြို့ ကြီးများတွင်သာ အဓိက အရောင်းအဝယ်ပြုလုပ်နေရခြင်းကြောင့် ဈေးကွက်အနည်း ငယ်ကြုံလာကြောင်းသိရသည်။
လက်တလော အရောင်းအဝယ် အများဆုံဲးကား ဈေးနှုန်းများမှာ သိန်း ၃၀၀ ဝန်းကျင်မှ သိန်း နှစ်ထောင်အကြား အိမ်စီးကားများ ဖြစ်ကြောင်းသိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com