• Home
  • Car News
  • Lamborghini နှင့် Corvettes ပြိုင်ကားများအပါအဝင် တန်ဖိုးကြီးကားများ စွန့်ပစ်ထားသော ဒူဘိုင်းမှ ကားသင်္ချိုင်း

Lamborghini နှင့် Corvettes ပြိုင်ကားများအပါအဝင် တန်ဖိုးကြီးကားများ စွန့်ပစ်ထားသော ဒူဘိုင်းမှ ကားသင်္ချိုင်း

  • 299 views


ကမ္ဘာပေါ်ရှိ များစွာသောလူတို့ ပိုင်ဆိုင်ရန် အိပ်မက်မက်ကြသည့် ပြိုင်ကားများမှာ ဒူဘိုင်းရှိ ကားသင်္ချိုင်း တစ်ခုတွင် စွန့်ပစ်ခံထားကြရသည်။

မကြာသေးမီက ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်မှာ Lamborghini နှင့် Corvette ပြိုင်ကားများ၊ Mercedes ကားများမှာ ပူပြင်းလှသော သဲကန္တာရ နေပူအောက်တွင် စွန့်ပစ်ခံထားရသည်ကို တွေ့ရသည်။

 

 

(စွန့်ပစ်ထားသော ကားများတွင် လူအများစု အိပ်မက်သာမက်နိုင်သည့် ကားများ ပါဝင်သည်။ ဓာတ်ပုံ-tiktok/@nemanja.kralj)

 

 


(ဒူဘိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပါက ပိုင်ရှင်များက ၎င်းတို့၏ ပြိုင်ကားများကို စွန့်ပစ်ကြလေ့ရှိသည်။ ဓာတ်ပုံ-tiktok/@nemanja.kralj)

 

 

ပြိုင်ကားသင်္ချိုင်းဟု ခေါ်ကြသော နေရာများ ဒူဘိုင်းတွင် များစွာ တွေ့ရပြီး ယာဉ်တိုက်မှုဖြစ်ပါက ပြင်ဆင်စရိတ် များပြားသောကြောင့် စွန့်ပစ်ခဲ့ကြသော ကားများလည်း ပါဝင်သည်။

TikTok တွင် နာမည်ကြီးသူတစ်ဦးဖြစ်သည့် nemanja.kralj တင်ခဲ့သော ဗွီဒီယိုတွင် တန်ဖိုးကြီး ကားများစွာ စွန့်ပစ်ခံထားရပုံကို တွေ့ရသည်။

စွန့်ပစ်ထားသော ကားများတွင် Lamborghini Urus ကဲ့သို့ အံ့မခန်းကားတစ်စီးလည်း တွေ့ရသည်။

နှစ်စဉ်နှစ်တိုင်း ဒူဘိုင်းတွင် Lamborghini  နှင့် Aston Martin တို့ကဲ့သို့ တန်ဖိုးကြီးကားများအပါအဝင် ကားအစင်းရေ ၃၀၀၀ နှင့်အထက် စွန့်ပစ်ခံရလျက် ရှိသည်။

Rolls Royce နှင့်  Ferrari တို့မှသည် Bentley နှင့် Mercedes ကားများအထိ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော ကားများမှာ ကားသင်္ချိုင်းတွင် စွန့်ပစ်ခံထားရသည်။

၂၀၀၈ မှ ၂၀၁၀ အကြား ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းကြီး ပေါ်ပေါက်ခဲ့သည့်ကာလက လုပ်ငန်းရှင်များမှာ အကြွေးဖြင့်ဝယ်ထားသော ကားများအတွက် အရစ်ကျပြန်ဆပ်ငွေ မပေးသွင်းနိုင်ချိန်တွင် ကားများကို စွန့်ပစ်ထားခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်က ဒူဘိုင်း၏ ဥပဒေအရ ချေးငွေကို ပြန်လည်မပေးဆပ်လျှင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရနိုင် သောကြောင့် ကားဖိုးမဆပ်နိုင်သူများက တန်ဖိုးကြီးကားများကို စွန့်ပစ်ထားခဲ့ကာ ဒူဘိုင်းမှ ထွက်ပြေးကြလေ့ ရှိသည်။

သို့သော် မကြာသေးမီနှစ်များကမူ ဒူဘိုင်းတွင် ဥပဒေပြောင်းလဲပြုပြင်မှုများ ပြုလုပ်ပေးခဲ့သော်လည်း ကားဖိုးမဆပ်နိုင်သော ကားပိုင်ရှင်များမှာ စွန့်ပစ်ထားခဲ့ကြဆဲ ဖြစ်သည်။

အများစုအတွက် ကားများမှာ ဥပဒေကြောင်းအရနှင့် ငွေကြေးပိုင်းအရ ခေါင်းခဲစရာ ဖြစ်နေသောကြောင့် ကားများကို ထားခဲ့ကာ နိုင်ငံအတွင်းမှ ထွက်သွားလေ့ရှိကြသည်။

 

 

(စွန့်ပစ်ခံထားရသော Lamborghini SUV တစ်စင်းကို တွေ့ရပုံ။ ဓာတ်ပုံ-tiktok/@nemanja.kralj)

 

 

(အများစု အိပ်မက်သာ မက်နိုင်သော Corvette တစ်စင်းကို တွေ့ရပုံ။ ဓာတ်ပုံ-tiktok/@nemanja.kralj)

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Inside supercar graveyard where Lamborghinis and Corvettes worth hundreds of thousands have been left to rot  (the-sun)