ပြင်ဦးလွင်မှ မန္တလေးလေယာဉ်ကွင်းသို့ EV Taxi များပြေးဆွဲမည်။
- 1714 views
ပြင်ဦးလွင်ကနေ မန္တလေး လေယာဉ်ကွင်းကို EV Taxi တွေနဲ့ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီ EV Taxi ပြေးဆွဲပေးမယ့် အစီအစဉ်ကို (မင်္ဂလာပါ)လို့ အမည်ပေးထားပြီး ပြင်ပပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ (၁)ရက်နေ့က စတင်ပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။
ပြင်ဦးလွင်မြို့နယ်မှာ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး မြို့တော်အင်္ဂါရပ်နဲ့ညီတဲ့ လျှပ်စစ်မော်တော်ယာဉ် အသစ်တွေနဲ့ ပြေးဆွဲပေးဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။
BYD E2 အမျိုးအစားယာဉ် (၁၅)စီးနဲ့ ပြေးဆွဲပေးမှာဖြစ် ပြင်ဦးလွင်ကနေ မန္တလေးကို အသွားခရီးစဉ်အတွက် တစ်ဦးကို (၁၀၀၀၀) ကျပ်ဖြစ်ပြီး၊ ပြင်ဦးလွင်ကနေ မန္တလေး လေယာဉ်ကွင်းကို စီးလုံးငှားပါက (၅၅၀၀၀) ကျပ် ကျသင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုအောက်တိုဘာလ (၁)ရက်နေ့ကနေ (၃၁)ရက်နေ့အထိ ပြင်ဦးလွင်ကနေ မန္တလေးကို အသွားခရီးစဉ် တစ်ကြောင်းစီးပါက အပြန်ခရီးစဉ်ကို အခမဲ့စီနှင်းနိုင်တယ်လို့ နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com