• Home
  • Car News
  • စက်သုံးဆီဈေးဆက်တိုက်ကျဆင်းနေပြီး (92) တစ်လီတာ (၂၁၂၀) ကျပ်အထိကျဆင်းလာ

စက်သုံးဆီဈေးဆက်တိုက်ကျဆင်းနေပြီး (92) တစ်လီတာ (၂၁၂၀) ကျပ်အထိကျဆင်းလာ

  • 190 views

 

စက်သုံးဆီ

ဈေးဆက်တိုက်ကျဆင်းနေပြီး (92) တစ်လီတာကို ငွေကျပ် (၂၁၂၀) ကျပ်အထိ ရည်ညွှန်းသတ်မှတ် ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ဈေးတွေဆက်တိုက်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးတွေဟာ စက်တင်ဘာ လကုန်ပိုင်းမှာ ဈေးပြန်ကျလာပြီး အခုအောက်တိုဘာလ အစမှာတော့ ငွေကျပ် (၁၀၀) ကျော်လောက် ဈေးကျလာပါတယ်။ အရင်လက (၂၆၀၀) ကျော်အထိ ဈေးမြင့်တက်ခဲ့တဲ့ ပရီမီယံဒီဇယ် တစ်လီတာဈေးနှုန်းဟာ အခုစက်တင်ဘာလ (၂) ရက်နေ့မှာ (၂၅၀၀)ကျော်အထိ ဈေးပြန်ကျလာတယ်လို့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းတွေအရ သိရပါတယ်။

လက်ရှိအောက်တိုဘာလ (၂) ရက်နေ့ စက်သုံးဆီဈေးတွေကတော့ 92 တစ်လီတာကိုလက်လီဈေး (၂၁၂၀) ကျပ်၊ 95 တစ်လီတာကို (၂၂၁၅) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို (၂၅၄၀)ကျပ်နဲ့၊ ဒီဇယ်တစ်လီတာကို (၂၅၈၀)ကျပ် ရှိတယ်လို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းတွေအရ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com