တရုတ်နိုင်ငံထုတ် EV ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာ
- 121 views
တရုတ်နိုင်ငံထုတ် AIMA အမျိုးအစား EV ဆိုင်ကယ် တွေဟာပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉)ရက်နေ့က လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး သက်ဆိုင်ရာကုမ္ပဏီကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန် ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။
အဲ့ဒိ EV ဆိုင်ကယ်တွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတာဖြစ်ပါတယ်။
လက်ရှိ ပြည်တွင်းမှာ သုံးဘီး EV ယာဉ် အစီးရေ (၂၅၄) စီးနဲ့ နှစ်ဘီး EV ယာဉ် အစီးရေ (၂၂၀၀) စီး မှတ်ပုံတင်ထားတယ်လို့လည်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။ EV ယာဉ်တင်တွင်းမှုကို Pilot Project ကာလ သတ်မှတ်ပြီး ဆောင်ရွက်နေတာဟာ အခုဆိုရင် ၈ လနီးပါး ရှိပြီဖြစ်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com