သမိုင်းတလျှောက် အကြီးမြတ်ဆုံး အဆိုတော်များတွင် ပါဝင်သူ ဂျွန်လင်နွန်စီးခဲ့သော ကားများ
- 245 views
(ဂျွန်လင်နွန် ဘယ်သူလဲ)
ဂျွန်လင်နွန် (မွေး ၁၉၄၀- ကွယ်လွန် ၁၉၈၀) သည် အင်္ဂလန်အဆိုတော်၊ တေးရေး၊ ဂီတသမား၊ ငြိမ်းချမ်းရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး Beatles ကို တည်ထောင်ခဲ့သူ ဖြစ်သည်။
ထို့အပြင် ဂျွန်လင်နွန်သည် တစ်ကိုယ်တော်အဖြစ်လည်း အောင်မြင်မှုများ များစွာရှိသည်။
ဂျွန်လင်နွန်သည် ပေါလ်မက္ကာတနေးနှင့် ပူးပေါင်းကာ Beatles ၏ သီချင်းများစွာ အတူရေးသား၊ သီဆိုခဲ့သည်။
Beatles ၏ အကျော်ကြားဆုံး သီချင်းများတွင် “Let it be” “Hey Jude” နှင့် “Can’t buy me love” တို့လည်း ပါဝင်သည်။
တစ်ကိုယ်တော်အဖြစ် ဖြတ်သန်းမှုတွင်လည်း Imagine ကဲ့သို့ အံ့အားသင့်ဖွယ် သီချင်းများ ဖန်တီးနိုင်ခဲ့သည်။
ဂျွန်လင်နွန်သည် အဆိုတော် Yoko Ono နှင့် လက်ထပ်ခဲ့ပြီး ဂျူလီယန် လင်နွန်နှင့် ရှောင်လင်နွန်အမည်ရှိ ရင်သွေး ၂ ဦးထွန်းကားသည်။
ရင်သွေး ၂ ဦးလုံးမှာ ဖခင်၏ခြေရာနင်းခဲ့ကြီး ဂီတသမားများဖြစ်လာကြရုံမျှမက ငြိမ်းချမ်းရေးလှုပ်ရှားသူများ လည်း ဖြစ်လာသည်။
(ဂျွန်လင်နွန်စီးခဲ့သော ကားများ)
ဂျွန်လင်နွန်သာ သက်ရှိထင်ရှားရှိဦးမည်ဆိုလျှင် လာမည့် အောက်တိုဘာလ ၉ ရက်တွင် အသက် ၈၃ နှစ်ပြည့်ပြီ ဖြစ်သည်။
၂၀ ရာစု၏ အရေးပါဆုံး ဂီတကြယ်ပွင့်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဂျွန်လင်နွန်နှင့် Beatles ၏ သီချင်းများကို ကမ္ဘာမြေပေါ်တွင် လူတိုင်းလိုသိကြသည့်နည်းတူ ကားများနှင့် စပ်လျဉ်းပြီး သူ၏ ထူးခြားသော အကြိုက်ကိုလည်း သိရှိသူများခဲ့သည်။
အောက်တွင် ဂျွန်လင်နွန်စီးခဲ့သော ကားများအနက် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး၊ အထူးခြားဆုံး ကားများအကြောင်း ဖော်ပြသွားပါမည်။
၁။ (Austin Maxi ကား ။ ဓာတ်ပုံ-Daily Mirror/Mirrorpix via Getty Images)
ဂျွန်လင်နွန်သည် သူ့ခေတ်သူ့ကာလက ဂီတနယ်၏ အထွတ်အထိပ်တွင် ရှိခဲ့သူဖြစ်ရာ Austin Maxi ထက် ပိုမိုဈေးကြီးသည့် ကားပေါင်းများစွာ ဝယ်ယူနိုင် ၊ ဝယ်ယူခဲ့သော်လည်း သူ့တွင် တံခါး ၅ ပေါက်ပါ သာမန် Austin Maxi တစ်စင်းရှိပြီး သိုသိုသိတ်သိတ်နေလိုသည့် အခါမျိုးတွင် စီးလေ့ရှိသည်။
ပုံမှန်တွေ့ရသည်မှာ ဂျွန်လင်နွန်တို့ မိသားစု Austin Maxi ဖြင့် စကော့တလန်သို့ ခရီးထွက်ခွာစဉ် လမ်းကြောင်းမှားဝင်လာသော ကားတစ်စီးကို ရှောင်ရန်အတွက် မြောင်းထဲသို့ ထိုးဆင်းလိုက်ရရာ ဂျွန်လင်နွန်တို့ မိသားစု၏ အပန်းဖြေခရီးမှာ ဆေးရုံတွင် အဆုံးသတ်သွားပြီး ဆေးရုံတွင် ၅ ရက်နေလိုက်ရသည်။
(ဂျွန်လင်နွန်စီးခဲ့သော Phantom V ရိုးရွိုက်စ် မော်တော်ကား)
…………….မူလလင့်ခ် ဂျွန်လင်နွန်သည် သူ၏ ပထမဆုံး ရိုးရွိုက်စ်ကားကို ၁၉၆၄ ခုနှစ် ဇူလိုင်လတွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အလေးချိန် ၂ တန်ရှိ တစ်ပတ်ရစ်ကားဖြစ်ကာ အနက်ရောင် Limo ဖြစ်သည်။
ဂျွန်လင်နွန်က ထိုစဉ်က အသစ်ဝယ်ယူထားသော နေအိမ်ဖြစ်သည့် ဆာရေးခရိုင် Weybridge မြို့ရှိ ကျေးလက်အိမ်မှ လန်ဒန်မြို့သို့ အသွားအပြန်လုပ်ရန် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လန်ဒန်မြို့နှင့် ၁၇ မိုင်ခန့် ခရီးအကွာအဝေးရှိသည်။
နောက်ပိုင်းတွင်မူ သူ၏ နာမည်ကျော်ဟူသော အဆင့်အတန်းနှင့် ကိုက်ညီစေမည့် ကားတစ်စီးပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပြီး ပိုမိုတန်ဖိုးကြီးသည့် ရိုးရွိုက်စ်ကားတစ်စီး မှာယူခဲ့သည်။
ဂျွန်လင်နွန်၏ Phantom V တွင် 6.23 Litre V8 အင်ဂျင်၊ အနက်ရောင် လည်သာသားရေဖုံး၊ ဖန်ခွက် ပုလင်းများထည့်သိုရာ ဗီရိုငယ်၊ စာရေးစားပွဲ၊ စာကြည့်မီး၊ ပစ္စည်းထားသိုရာ အံဝှက် ၇ ခု၊ Perdio အမျိုးအစား portable ရုပ်မြင်သံကြားစက်တို့ ပါဝင်သည်။
အနည်းငယ်ဆန်းသစ်မှုမှာ ကားနောက်ဖုံး trunk အတွင်းတွင် ရေခဲသေတ္တာစနစ်ပါဝင်ခြင်းဖြစ်ပြီး ရှန်ပိန် (သို့မဟုတ်) ကိုကာကိုလာတို့ အအေးခံထားနိုင်မည် ဖြစ်သည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
မြန်မာနိုင်ငံတွင် ဘီးတဲလ်အဖွဲ့ကြီး၏ သီချင်းများကို ပြန်လည်သီဆိုမှု အလွန်များပြားသည်။ မြန်မာနိုင်ငံမှ ပြန်လည်သီဆိုမှု အများဆုံးတေးဂီတအဖွဲ့များတွင် ဘီးတဲလ်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုနိုင်သည်။
ဘီးတဲလ်၏ သီချင်းများကို ပြန်လည်သီဆိုမှုများအနက် iMyanmarHouse.com မှ စုစည်းရရှိထားသော စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
When I'm sixty four ကိုင်ဇာ- ရွှေရတုအချစ် (တေးရေး- စောဘွဲ့မှူး)၊ အဆိုပါသီချင်းကိုပင် ဘိုဘို နှင့် ညီပုလေးတို့၏ မိုးတိမ်များအကြောင်း စီးရီးတွင် မမချာတိတ်ဟူသောအမည်ဖြင့် သီဆိုထားသေးသည်။
(ဘိုဘိုဟန်၏ ပြန်လည်သီဆိုမှုများ)
I saw her standing there -ဂဏန်းတွက်ပါ နှုတ်ခမ်းနီမဆိုးနဲ့ Love me do -ကျောပိုးအိတ်တစ်လုံး အသည်းနှလုံးတစ်ခုနဲ့ Imagine -မိုးထဲလေထဲ နှစ်ယောက်ထဲ Come together- တတိယမြောက် ရည်းစားစကားနိဒါန်း
(ပလေးဘွိုင်းသန်းနိုင်၏ ပြန်လည်သီဆိုမှုများ)
Something- အလှကြိုက်သူလူမိုက် Obla di Obla da - အချစ်ရူး Getback - ခေါက်ထား No reply - တခြမ်းပဲ့အသည်း Let it be - ခွင့်လွှတ်တယ် Don't let me down- အရက်စက်ဆုံး Lady Maddona - သံယောင်မလိုက်နဲ့ Ticket to ride- ကပ်ခွါလေး I want to hold your hand -R ဇာနည် တစ်စက္ကန့် All my loving ဟေမာနေဝင်း -အိပ်မက်ရှင် Obla di Obla da ပလေးဘွိုင်းသန်းနိုင် အချစ်ရူး/ ပိုးဒါလီသိန်းတန်-လမ်းသရဲလို့ မပြောပါနဲ့ / ဖြူဖြူကျော်သိန်း -ပျော်ပါစေ Come together မင်းမင်းလတ်- အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း ( ဇော်ဝင်းထွဋ်လည်းသီဆိုထား)/ ဘိုဘိုဟန်ကလည်း တတိယမြောက် ရည်းစားစကားနိဒါန်းဟူသောအမည်ဖြင့် သီဆို The ballad of John and Yoko ဇော်ဝင်းထွဋ် -အချစ်နဲ့ကျွန်တော့်ရဲ့ပြဇာတ် Norwegian wood မြန်မာပြည်သိန်းတန် -သူကအဝင် ကိုယ်ကအထွက် You give me your money တူးတူး -မုန်းချင်မုန်းလိုက် Here come the sun တူးတူး -နေဝန်းနီပေါ်ထွက်ပြီ/ ဂျေမောင်မောင် ချစ်ကံဆိုးတယ် Rock N' Roll music တူးတူး- ရက်စက်နှုတ်ထွက် မုန်းလိုက်သငိ့ပြီ When my guitar gently weeps မာရဇ္ဇ - ငိုပေဉီးတော့ ဂစ်တာလေး Let it be ရင်ဂို -အချစ်ခါးတဲ့နေ့/ပလေးဘွိင်းသန်းနိုင်- ခွင့်လွှတ်တယ် Don't let me down ချစ်ကောင်း-လွဲချော်ခြင်း/ ပိုးဒါလီသိန်းတန်-အသည်းယူစမ်း/ ပလေးဘွိုင်းသန်းနိုင်- အရက်စက်ဆုံး/ ကျော်ဟိန်း-မညှင်းဆဲပါနဲ့ I saw her standing there တော်မီကျော်နိုင် -တော်မီရဲ့ Disco A heard days night........ဂရေဟမ် -အချစ်မီး
(ဂျေမောင်မောင်၏ ပြန်လည်သီဆိုမှုများ)
It won't belong - မေ့လို့မရပါ Thank you girl - ကျေးဇူးပဲ A world without love - လုပ်ရက်တယ် Across the universe - စကြာဝဠာကို ဖြတ်သန်းခြင်း ( ဖြိုးပြည့်စုံကလည်း ပြောင်းလဲခြင်းမဲ့အချစ်ဟု သီဆိုထား) Yesterday ပြန်ဆုံမယ် -ဇော်ပိုင် နှင့် ချောစုခင်တို့၏ အကြင်နာအင်အားစီးရီးမှ Crying waiting hoping ရဲသွင်-ဘယ်အချိန် ဘယ်နေရာ ဘယ်ကမ္ဘာ
(သင်္ကြန်သီချင်းအဖြစ် သီဆိုထားမှုများ)
Rock N Roll -သင်္ကြန်အကြိုနေ့မနက် Long tall sally- မြူးမယ် Drive my car ဖရန်ကို-အချစ်သည် တခါတရံ၌ ကားတစ်စီးဖြစ်သည် Here,there and everywhere တက္ကသိုလ်အေးမောင် -ရင်ခွင်ကင်းတဲ့အချစ်
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: John Lennon’s Phantom V: The Story of the Psychedelic Beatle-Mobile (rollingstone, thedrive)