• Home
  • Car News
  • အုပ်ချုပ်မှုမတူသည့် YBS ယာဉ်လိုင်းများကို နံပါတ် (၁) ခုစီ ခွဲ၍ ပြေးဆွဲမည်

အုပ်ချုပ်မှုမတူသည့် YBS ယာဉ်လိုင်းများကို နံပါတ် (၁) ခုစီ ခွဲ၍ ပြေးဆွဲမည်

  • 277 views

 

 

YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ကုမ္ပဏီအုပ်ချုပ်မှုမတူတဲ့ ယာဉ်လိုင်းတွေဟာ နံပါတ်တူ ဖြစ်နေတဲ့အတွက် စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အခါ တိတိကျကျ မတိုင်ကြားနိုင်ပဲ ဖြစ်နေတာပါ။ အဲဒါကြောင့် YBS နံပါတ်တွေကို (၁) ခုစီခွဲပြီး ပြေးဆွဲပေးတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC ကနေ ထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီတစ်ခုခြင်းအလိုက် YBS ယာဉ်လိုင်းတွေကို နံပါတ် (၁) ခုစီ ခွဲလိုက်တဲ့အတွက် စည်းကမ်းထိန်းသိမ်းရေးနဲ့ စစ်ဆေးရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် အများပိုင်ကုမ္ပဏီ ပြောင်းလဲတဲ့အခါ YRTC အနေနဲ့ စနစ်တကျ ကွပ်ကဲနိုင်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူများအနေနဲ့လည်း YBS ယာဉ်တွေ စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အခါ အခြားနံပါတ်တူ ယာဉ်တွေနဲ့ ရောနှောတာတွေ မဖြစ်နိုင်တော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC ကထုတ်ပြန်ထားပါတယ်။ အခုလို နံပါတ်တွေ ပြောင်းလဲလိုက်ပေမယ့်လည်း ယာဉ်လမ်းကြောင်းတွေကိုတော့ အရင်အတိုင်း မပြောင်းလဲဘဲ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com