• Home
  • Car News
  • ကုမ္ပဏီ (၄) ခုမှ တင်သွင်းလာသည့် EV အားသွင်းစက်များနှင့် EV ကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာ

ကုမ္ပဏီ (၄) ခုမှ တင်သွင်းလာသည့် EV အားသွင်းစက်များနှင့် EV ကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာ

  • 181 views

 

တရုတ်နိုင်ငံထုတ် Leap-motor T03 အမျိုးအစား EV ကား၊ Faw Toyota bZ4x အမျိုးအစား EV ကားတွေနဲ့ တရုတ်နိုင်ငံထုတ် CJNOO အမျိုးအစား EV အားသွင်းစက်တွေဟာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာတယ်လို့ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီ EV ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေကို အကောက်ခွန်ဦးစီးဌာနက အခွန်ကင်းလွတ်ခွင့် ပေးထားတာလည်း ဖြစ်ပါတယ်။

အခုရောက်ရှိလာတဲ့ EV ကားတွေနဲ့ အားသွင်းစက်တွေကို သတ်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံက စိစစ်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထုတ်ယူခွင့်ပြုခဲ့တယ်လို့လည်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကောက်မတီ အနေနဲ့ EV ယာဉ်အမျိုးမျိုးကို တင်သွင်းခွင့်ပြုထားတာ (၉) လတာကာလအထိ ရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကုန်အထိ စာရင်းတွေအရတော့ ပြည်တွင်းမှာ EV ကားအစီးရေ (၆၀၀) ကျော် မှတ်ပုံတင်ထားပါတယ်။

လတ်တလောမှာ EV ကားတစ်စီးဟာ မော်ဒယ်ပေါ်မူတည်ပြီး အနည်းဆုံး ကျပ်သိန်း (၇၀၀) ကနေ ကျပ်သိန်း (၂၀၀၀) ကျော်အထိ ပေါက်ဈေးရှိနေတယ်လို့EV ကားဈေးကွက်ထဲက သိရပါတယ်။

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com