- Home
- Car News
- ဆော်ဒီမင်းသားနှင့် စကားပြောပေးရုံဖြင့် တစ်မိနစ်လျှင် ၃၃၃၃၃ ဒေါ်လာရခဲ့သူ Twilight သရုပ်ဆောင် Kristen Stewart ပိုင်ဆိုင်ထားသော ကားများ
ဆော်ဒီမင်းသားနှင့် စကားပြောပေးရုံဖြင့် တစ်မိနစ်လျှင် ၃၃၃၃၃ ဒေါ်လာရခဲ့သူ Twilight သရုပ်ဆောင် Kristen Stewart ပိုင်ဆိုင်ထားသော ကားများ
- 398 views
ဝက်ဝက်ကွဲအောင်မြင်ခဲ့သော Twilight ဇာတ်လမ်းတွဲများတွင် Bella Swan အဖြစ် သရုပ်ဆောင်ခဲ့သူ ခရစ္စတင်း စတီးဝါ့ (Kristen Stewart ) ၏ အခန်းကဏ္ဍမှာ ရုပ်ရှင်ပရိသတ်တို့၏ ရင်ထဲတွင် ထာဝရ ရှင်သန် စွဲငြိကျန်ရစ်လျက်ရှိသည်။
လက်တွေ့လုပ်ရပ်များက စကားလုံးများထက် ခရီးရောက်သည်။ ဆော်ဒီအာရေးဗီးယားမှ တော်ဝင်မင်းသား တစ်ပါးသည် ၂၀၁၃ ခုနှစ်အတွင်း ခရစ္စတင်း စတီးဝါ့နှင့် ၁၅ မိနစ် စကားပြောရုံမျှအတွက် ဒေါ်လာ သန်းတစ်ဝက်ခန့် ပေးခဲ့သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်ဝန်းကျင်ခန့်တွင် တိုက်ခတ်ခဲ့သော ဖျက်အားပြင်း စူပါဟာရီကိန်း မုန်တိုင်းကြီး Sandy တိုက်ခတ်မှုကြောင့် လူပေါင်း ၂၃၃ ဦး သေဆုံးခဲ့ပြီး ကန်ဒေါ်လာ ၇၀ ဘီလီယံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
မုန်တိုင်းဒဏ်သင့်သူများအား ကူညီရန် ရန်ပုံငွေရှာရေးအတွက် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ဝိန်းစတိန်း၏ ဆက်သွယ်ပေးမှုဖြင့် ဆော်ဒီအာရေးဗီးယားမှ မင်းသားတစ်ပါးနှင့် ခရစ္စတင်း စတီးဝါ့တို့ တွေ့ဆုံစကားပြောမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ခရစ္စတင်း စတီးဝါ့သည် အမေရိကန်ရုပ်ရှင်မင်းသမီး၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်သည်။
ခရစ္စတင်း စတီးဝါ့သည် ၂၀၀၀ ပြည့်လွန်နှောင်းပိုင်းကာလများနှင့် ၂၀၁၀ ပြည့်လွန်အစောပိုင်းကာလများတွင် Twilight ဇာတ်လမ်းတွဲများ၌ Bella Swan အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကျော်ကြားခဲ့ပြီး အဆိုပါ ဇာတ်လမ်းတွဲများမှာ ကမ္ဘာတစ်ဝန်းတွင် ဝင်ငွေ ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ရခဲ့သည်အထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည်။
ခရစ္စတင်း စတီးဝါ့သည် Adventureland, The Runaways, Snow White and the Huntsman , Still Alice တို့အပါအဝင် အခြားရုပ်ရှင်ဇာတ်ကား အများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ခရစ္စတင်း စတီးဝါ့သည် ရုပ်ရှင်သရုပ်ဆောင်ခြင်း၊ ရုပ်ရှင်ထုတ်လုပ်ခြင်းတို့ခြင်းသာမက မော်တော်ကားများကို ချစ်မြတ်နိုးသူတစ်ဦးအဖြစ်လည်း လူသိများသည်။
ခရစ္စတင်း စတီးဝါ့သည် ဂျာမန်ကားများကို အလွန်နှစ်သက်၏။
သူ့တွင် ပြိုင်ကားအချို့လည်းရှိသည်။
ခရစ္စတင်း စတီးဝါ့၏ ကားစုဆောင်းမှုတွင် ကွဲပြားသော ကားမျိုးစုံ ပါဝင်သည်။
Porsche ၂ စင်းရှိရာ 911 Turbo S နှင့် Cayenne တို့ဖြစ်ပြီး 911 Turbo S ကို နေ့စဉ်သုံးသည်။
၁။Toyota Tacoma
ခရစ္စတင်း စတီးဝါ့သည် အလုပ်ကိစ္စနှင့် ကိုယ်ရေးကိုယ်တာများအတွက် Toyota Tacoma ကို အသုံးပြုသည်။
ဤကားသည် ခရစ္စတင်း စတီးဝါ့၏ နှိမ့်ချတတ်မှုနှင့် လက်တွေ့ကျသော အကျင့်စရိုက်ကို အကောင်းဆုံး ထင်ဟပ်နိုင်သည့် ကားတစ်စင်း ဖြစ်သည်။
(Specification)
မြင်းကောင်ရေ | ၁၄၂ |
ရုန်းအား |
160lb – ft |
အမြင့်ဆုံးမြန်နှုန်း | ၁၁၃ Mph |
၂။ Mini Cooper S
Mini Cooper S သည် ခရစ္စတင်း စတီးဝါ့အတွက် သယ်ယူပို့ဆောင်ရေးမျှသာ မဟုတ်။
သူ၏ ဟန်ပန်နှင့် ဟောလိဝုဒ်တွင် အောင်မြင်မှုတို့ကို ထင်ဟပ်ပြသနေသည်။
ဗြိတိန်အထင်ကရ ဒီဇိုင်း ၊ အားကောင်းသော စွမ်းဆောင်ရည်တို့ရှိသော Mini Cooper S သည် ရဲရင့်ကာ အကြောက်အရွံ့နည်းသော ခရစ္စတင်း စတီးဝါ့နှင့် လိုက်ဖက်ညီလှသည်။
(Specification)
ဈေးနှုန်း | ကန်ဒေါ်လာ ၂၁၅၀၀ |
မြင်းကောင်ရေ | ၁၈၉ |
ရုန်းအား | 162lb – ft |
အမြင့်ဆုံးမြန်နှုန်း | 165Mph |
၃။ Ford Edge
ခရစ္စတင်း စတီးဝါ့ ပိုင်ဆိုင်ထားသော အခြားကားတစ်စင်းမှာ Ford Edge ဖြစ်သည်။
Ford Edge သည် အလတ်စားအရွယ်အစားရှိ crossover SUV ဖြစ်ပြီး ဖို့ဒ်ကုမ္ပဏီက ၂၀၀၆ ခုနှစ်တွင် ပထမဆုံး စတင်ထုတ်လုပ်ခဲ့သည်။
အတွင်းခန်းကျယ်ဝန်းမှု ၊ အဆင့်မြင့်နည်းပညာနှင့် စွမ်းအားပြည့် စွမ်းဆောင်မှုရှိခြင်းတို့နှင့် ကျော်ကြားသည်။
(Specification)
ဈေးနှုန်း | ကန်ဒေါ်လာ ၃၈၁၀၀ |
မြင်းကောင်ရေ | ၂၄၅ |
ရုန်းအား | 275lb – ft |
အမြင့်ဆုံးမြန်နှုန်း | 130Mph |
၄။ BMW X3
ခရစ္စတင်း စတီးဝါ့သည် Luxury ကားများကို နှစ်သက်ခုံမင်သည်။
သူ၏ ကားများအနက် လူအများစု သတိထားမိသည်မှာ သားနားကာ စတိုင်ကျသော BMW X3 ဖြစ်သည်။
တောက်ပကာ ပြိုင်ကားပုံစံ ထုတ်လုပ်ထားသော BMW X3 သည် Luxury ဖြစ်မှုနှင့် လုပ်ဆောင်ချက်များ အများအပြားရှိမှုတို့ ပေါင်းစပ်ထားရာ ခြေလှမ်းသွက်ကာ အမြဲသွားလာနေသူ ခရစ္စတင်း စတီးဝါ့အတွက် ပြီးပြည့်စုံသော ကားတစ်စင်း ဖြစ်သည်။
(Specification)
ဈေးနှုန်း | ကန်ဒေါ်လာ ၄၃၁၅၀ |
မြင်းကောင်ရေ | ၂၄၈ |
ရုန်းအား | 258lb – ft |
အမြင့်ဆုံးမြန်နှုန်း | 130Mph |
၅။ Cheverolet Suburban
ခရစ္စတင်း စတီးဝါ့သည် Cheverolet Suburban တစ်စင်းလည်း ပိုင်ဆိုင်ထားသည်။
Cheverolet Suburban သည် အမေရိကန် Classic SUV ဖြစ်ပြီး ခရစ္စတင်း စတီးဝါ့ကို ဤကားဖြင့် လော့စ်အိန်ဂျလိတခွင်တွင် နှစ်ပေါင်းများစွာ တွေ့ခဲ့ရသည်။
Cheverolet Suburban သည် ခရစ္စတင်း စတီးဝါ့၏ အမှီအခိုကင်းမှုနှင့် တသီးတခြားရှိမှုတို့၏ သင်္ကေတ တစ်ခုလည်း ဖြစ်သည်။
(Specification)
ဈေးနှုန်း | ကန်ဒေါ်လာ ၆၇၄၃၀ |
မြင်းကောင်ရေ | ၃၅၅ |
ရုန်းအား | 383lb – ft |
အမြင့်ဆုံးမြန်နှုန်း | 154Mph |
၆။ Porsche Cayenne
ခရစ္စတင်း စတီးဝါ့၏ ကားဂိုဒေါင်အတွင်းရှိ ထင်ရှားသော ကားတစ်စင်းမှာ Porsche Cayenne ဖြစ်သည်။
Porsche Cayenne သည် စက်အားကောင်းသော Luxury SUV ဖြစ်ပြီး ခရစ္စတင်း စတီးဝါ့၏ ရဲရင့်ကာ စွန့်စားတတ်သော စိတ်ဓာတ်နှင့် လိုက်ဖက်သည်။
(Specification)
ဈေးနှုန်း | ကန်ဒေါ်လာ ၆၇၅၀၀ |
မြင်းကောင်ရေ | ၃၃၅ |
ရုန်းအား | 332lb – ft |
အမြင့်ဆုံးမြန်နှုန်း | 152Mph |
၇။ Porsche 911 Turbo S
သားနားတောက်ပြောင်ကာ စက်အားကောင်းသော Porsche 911 Turbo S သည် ထူးခြားသောဒီဇိုင်းနှင့် အဆင့်မြင့် နည်းပညာများဖြင့် နာမည်ကြီးပြီး ခရစ္စတင်း စတီးဝါ့၏ တမူထူးကာ စွမ်းအားပြည့်သော ဟန်ပန်ဖြင့် ဟောလိဝုဒ်၏ ထိပ်သီးမင်းသမီးဖြစ်ခြင်းတို့ကို ထင်ဟပ်ပြသနေသသည်။
(Specification)
ဈေးနှုန်း | ကန်ဒေါ်လာ ၂၀၃၅၀၀ |
မြင်းကောင်ရေ | ၆၄၀ |
ရုန်းအား | 590lb – ft |
အမြင့်ဆုံးမြန်နှုန်း | 198Mph |
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A Saudi prince is such a big fan of Kristen Stewart that he once paid a staggering $33,333 per minute just to have a 15 minute chat with the Twilight star. (luxurylaunches, luxurylaunches)