- Home
- Car News
- ရန်ကုန်တိုင်းအတွင်းမြို့နယ်တချို့တွင် ဒီဇင်ဘာလ(၂၆) ရက်နေ့မှဇန်နဝါရီလ(၂) ရက်နေ့အတွင်း ဓာတ်အား ယာယီပြတ်တောက်မည်
ရန်ကုန်တိုင်းအတွင်းမြို့နယ်တချို့တွင် ဒီဇင်ဘာလ(၂၆) ရက်နေ့မှဇန်နဝါရီလ(၂) ရက်နေ့အတွင်း ဓာတ်အား ယာယီပြတ်တောက်မည်
- 232 views
ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံတွေကို ဓာတ်ငွေ့ပို့လွှတ်နေတဲ့ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်လို့ မြို့နယ်နေရာတချို့မှာ ဒီဇင်ဘာလ (၂၆)ရက်နေ့ကနေ ဇန်နဝါရီလ(၂)ရက်နေ့အတွင်း ယာယီဓာတ်အားပြတ် တောက်မှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အချိန်မှာ သဘာဝဓာတ်ငွေ့နဲ့မောင်းနှင်နေတဲ့ ဓာတ်အားပေးစက်ကနေ ဓာတ်အားပို့လွှတ်နိုင်မှု (၁၀၀) မဂ္ဂါဝပ်လောက် လျော့နည်းမှာဖြစ်ပါတယ်။
ကမ်းလွန်ရွှေဂတ်(စ်)ကနေ မြင်းခြံကိုပေးပို့နေတဲ့ တောင်သာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပေါ်နေတဲ့ အတွက် ဒီဇင်ဘာလ(၂၆)ရက်နေ့ မနက်(၁၀)နာရီခွဲကနေ နေ့လည်(၂)နာရီခွဲအထိ အရေးပေါ်ရပ်တန့်ပြင်ဆင် ခြင်းလုပ်ငန်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလုပ်ငန်းဆောင်ရွက်တဲ့အခါ ဂတ်(စ်)ပေးပို့မှု ရပ်တန့်မှာဖြစ်လို့ ဓာတ်အားစနစ်အတွင်းကို ဓာတ်အားပို့လွှတ်နိုင်မှု (၃၁၅) မဂ္ဂါဝပ် လျော့နည်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ငွေ့ပိုင်းလိုင်းတွေ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွေ လျော့နည်းနေမှာဖြစ်ပြီး အရေးပေါ်ဝန်အား ထိန်းညှိခြင်းတွေဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ ယာယီဓာတ်အားပြတ်တောက်မှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com