• Home
  • Car News
  • စက်သုံးဆီဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာ၊ 92 Ron တစ်လီတာကို ငွေကျပ်(၂၅၆၀)ကျပ် ရည်ညွှန်းသတ်မှတ်

စက်သုံးဆီဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာ၊ 92 Ron တစ်လီတာကို ငွေကျပ်(၂၅၆၀)ကျပ် ရည်ညွှန်းသတ်မှတ်

  • 219 views

ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ဈေးအနည်းငယ်ပြန်လည်မြင့်တက်လာပြီး 92 Ron တစ်လီတာကို (၂၄၄၅) ကနေ (၂၅၆၀) ကျပ်အထိ မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက မတည်မငြိမ်ဖြစ်ခဲ့တဲ့ စက်သုံးဆီအခြေအနေဟာ အခုအချိန်မှာ ပုံမှန်အတိုင်းပြန်လည် လည်ပတ်နေပြီဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးတွေဟာ စင်ကာပူနိုင်ငံရဲ့ စက်သုံးဆီဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျ ပြောင်းလဲနေတာဖြစ်ပါတယ်။ စက်သုံးဆီဝယ်လိုအားမြင့်တက်မှုကြောင့် ပြည်တွင်းမှာ ဆီပြတ်လပ်တဲ့အထိ ဖြစ်ပေါ်ခဲ့လို့ စက်သုံးဆီ တရားမဝင်ရောင်းချနေသူတွေအား အရေးယူမှုတွေလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စက်သုံးဆီတင်သွင်းနေတဲ့ လုပ်ငန်းရှင်တွေကိုလည်း မြန်မာနိုင်ငံဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ထုတ်ရောင်းထားပါတယ်။ လက်ရှိမှာတော့ 92 Ron တစ်လီတာကို ငွေကျပ် (၂၅၆၀)၊ 95 Ron တစ်လီတာကို ငွေကျပ် (၂၆၆၀)၊ ဒီဇယ်တစ်လီတာကို ငွေကျပ် (၂၄၁၀)၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၄၆၅) ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com