• Home
  • Car News
  • ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဖို့ ပိုမိုကြပ်မတ်ရန် ရန်ကုန်မြို့တော်ဝန်ညွှန်ကြား

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဖို့ ပိုမိုကြပ်မတ်ရန် ရန်ကုန်မြို့တော်ဝန်ညွှန်ကြား

  • 166 views

 

 

ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ လိုက်နာဖို့ကို ဌာနဆိုင်ရာတွေအနေနဲ့ ပိုမိုကြပ်မတ်လုပ်ဆောင်ဖို့ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက ညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကနေ သိရပါတယ်။

အခုကာလဟာ ပွင့်လင်းရာသီရောက်ရှိတော့မှာဖြစ်လို့ ပျက်ဆီးနေတဲ့ လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်တွေနဲ့ ယာဉ်လမ်းကြောင်းတွေကိုလည်း ပြုပြင်ရေးဆွဲဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။ ရန်ကုန်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ အရင်နှစ်နဲ့နှိုင်းယှဉ်ရင် လျော့နည်းနေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုစက်တင်ဘာလက စတင်ပြီး ကားမောင်နေစဉ် ဖုန်းပြောတာ၊ ခါးပတ် အသုံးမပြုတာအပြင် ယာဉ်စည်းကမ်းတွေဖောက်ဖျက်ကျူးလွန်ရင် ဒဏ်ငွေအမှန်တကယ် ပေးဆောင်ရမယ်လို့ အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက သတိပေးထားပါတယ်။ အခုလိုအရေးယူသွားမယ့် အစီစဉ်ကို Quick Win စီမံချက် ရေးဆွဲလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင်းမှာ ယာဉ်တိုက်မှု (၃၂၀၀)ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၆၀၀)ကျော် ရှိနေတယ်လို့လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com