• Home
  • Car News
  • ဟောလိဝုဒ်ထိပ်သီးကြယ်ပွင့် ဝီလ်စမစ်၏ ရုပ်ရှင်ရုံ၊ sauna နှင့် သီးသန့် အရက်ဘားတို့ပါသော ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းတန် နှစ်ထပ်ကားကို တစ်ညလျှင် ၂၉၅ ဒေါ်လာဖြင့် ငှားရမ်းတည်းခိုနိုင်

ဟောလိဝုဒ်ထိပ်သီးကြယ်ပွင့် ဝီလ်စမစ်၏ ရုပ်ရှင်ရုံ၊ sauna နှင့် သီးသန့် အရက်ဘားတို့ပါသော ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းတန် နှစ်ထပ်ကားကို တစ်ညလျှင် ၂၉၅ ဒေါ်လာဖြင့် ငှားရမ်းတည်းခိုနိုင်

  • 188 views


ဟောလိဝုဒ်ထိပ်သီးကြယ့်ပွင့် ဝီလ်စမစ် စခန်းချနေထိုင်လေ့ရှိသော ယာဉ်အိမ်တစ်ခု၏ အတွင်းပိုင်းမြင်ကွင်းများ ပေါ်ထွက်လာရာ Sauna ၊ ရုပ်ရှင်ကြည့်ရန်နေရာများ အပြည့်အစုံထည့်သွင်းထားသည်ကို တွေ့ရသည်။

ဝီလ်စမစ်ကဲ့သို့ တစ်ညတာကို ဖြတ်သန်းလိုသူများအနေဖြင့် သူ၏ ၂ ထပ်ကားအိမ်ကို ငှားရမ်းတည်းခိုနိုင်မည် ဖြစ်သည်။

 

(ကားအိမ်ကို Anderson Estates က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဝီလ်စမစ်က ဒီဇိုင်းပ်ိုင်း အကူအညီပေးခဲ့သည်။ ဓာတ်ပုံ-Getty)

 

(လက်ရှိအားဖြင့် တက္ကဆပ်ပြည်နယ်တွင် တည်ရှိသော ဇိမ်ခံကားအိမ်ကို မည်သူမဆို တစ်ညလျှင် ၂၉၅ ဒေါ်လာ ပေးကာ အပန်းဖြေနိုင်ပြီ ဖြစ်သည်။ ဓာတ်ပုံ-Jam Press)

 

 

(ကား၏ တန်ကြေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ဖြစ်သည်။ ဓာတ်ပုံ-Jam Press)

 

လက်ရှိအားဖြင့် တက္ကဆပ်ပြည်နယ်တွင် တည်ရှိသော ဇိမ်ခံကားအိမ်ကို မည်သူမဆို တစ်ညလျှင် ၂၉၅ ဒေါ်လာ ပေးကာ အပန်းဖြေနိုင်ပြီ ဖြစ်ကြောင်း ဗြိတိန်မှ Jam Press သတင်းဌာနက ဖော်ပြသည်။

ဝီလ်စမစ်သည် ယခင်က ရုပ်ရှင်ရိုက်ကူးချိန်ကာလများအတွင်း ဤကားတွင် စခန်းချ နေထိုင်ခဲ့သည်။

ဝီလ်စမစ်သည် Men In Black 2 ရုပ်ရှင်ကားကို ရိုက်ကူးချိန်က ယခုကားကြီးကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

မွမ်းမံထုတ်လုပ်မှု ကုန်ကျစရိတ် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ကုန်ကျခဲ့သည်ဟု ဆိုသည်။

၂ ထပ်ကားတွင် Sauna ၊ ရုပ်ရှင်ရုံတို့အပြင် တစ်နေ့တာလုံး ရုပ်ရှင်ရိုက်ကူးကာ ပင်ပန်းနွမ်းနယ်နေသော ဝီလ်စမစ်အတွက် အပန်းဖြေရာ နေရာများစွာ ပါဝင်သည်။

ကားအိမ်ကို Anderson Estates က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဝီလ်စမစ်က ဒီဇိုင်းပ်ိုင်း အကူအညီပေးခဲ့သည်။

လူနေကြမ်းခင်း ဧရိယာ စတုရန်းပေ ၁၂၀၀ ရှိပြီး အောက်ထပ်တွင် မီးဖိုဆောင် ၊ Full-Size ညစာစား စားပွဲ၊ ဧည့်ခန်း၊ မိတ်ကပ်ခန်းနှင့် အစည်းအဝေးပြုလုပ်ရန် နေရာတို့ ရှိသည်။

အစည်းအဝေးခန်းကို အဝတ်လဲခန်း၊ နားနေခန်း(သို့မဟုတ်) အိပ်ခန်းအဖြစ် အသုံးပြုနိုင်သည်။

ဒုတိယထပ်သို့ တက်လိုက်သည်နှင့် အရက်ဘားတစ်ခုကို တွေ့ရမည် ဖြစ်သည်။

အပေါ်ထပ်တွင် လက်မ ၅၀ ရုပ်သံစက်နှင့် ပရိုဂျက်တာတစ်ခုတို့ ရှိသော ဖျော်ဖြေရေးခန်းမ တစ်ခုအပြင် ဒုတိယအိပ်ခန်းတစ်ခုလည်း ပါဝင်သည်။

ဝီလ်စမစ်က ကားကို ပိုင်ဆိုင်ခြင်း မရှိတော့ချေ။

ကားထုတ်လုပ်သည့် ကုမ္ပဏီက ပြောသည်မှာ ဝီလ်စမစ်သည် ၎င်းတို့၏ ဖောက်သည်အဖြစ် ၁၅ နှစ်လုံး ဖြတ်သန်းခဲ့ကြောင်း ၊ ဝီလ်စမစ်က The Heat ဟု အမည်ပေးထားသော ယခုကားအပြင် အခြားကားများကိုလည်း အသုံးပြုခဲ့ကြောင်း ပြောသည်။

ယခုကားအိမ်ကို လက်ရှိအားဖြင့် တက္ကဆပ်ပြည်နယ် ၊ အော်စတင်မြို့ရှိ စခန်းချ အပန်းဖြေစခန်းနေရာတစ်ခုတွင် အခြေစိုက်ထားရှိသည်။

 

(ကားတွင် ၂ ထပ်ပါဝင်ပြီး Sauna ခန်းတစ်ခု ရှိသည်။ ဓာတ်ပုံ-Jam Press)

 

(လူနေကြမ်းခင်းဧရိယာ စတုရန်းပေ ၁၂၀၀ ရှိသည်။ ဓာတ်ပုံ-Jam Press)

 


(လက်ရှိအားဖြင့် တက္ကဆပ်ပြည်နယ် ၊ အော်စတင်မြို့ရှိ စခန်းချ အပန်းဖြေစခန်းနေရာတစ်ခုတွင် အခြေစိုက် ထားရှိသည်။ ဓာတ်ပုံ-Jam Press)

 


(လက်မ ၅၀ ရုပ်သံစက်နှင့် ပရိုဂျက်တာတစ်ခုတို့ ရှိသော ဖျော်ဖြေရေးခန်းမ တစ်ခုအပြင် ဒုတိယအိပ်ခန်း တစ်ခုလည်း ပါဝင်သည်။ ဓာတ်ပုံ-Jam Press)

 


(ဒုတိယထပ်သို့ တက်လိုက်သည်နှင့် အရက်ဘားတစ်ခုကို တွေ့ရမည် ဖြစ်သည်။ ဓာတ်ပုံ-Jam Press)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Will Smith’s $2.5m two-story motorhome has a sauna, cinema, private bar – and now you can stay for $295 a night  (thesun)