• Home
  • Car News
  • EV ဝယ်လိုအားကောင်းပေမယ့်လည်း အကန့်အသတ်ဖြင့်သာတင်သွင်းနေရ

EV ဝယ်လိုအားကောင်းပေမယ့်လည်း အကန့်အသတ်ဖြင့်သာတင်သွင်းနေရ

  • 181 views

 

လက်ရှိပြည်တွင်း EV လျှပ်စစ်ကားဝယ်လိုအားမြင့်တက်နေပေမယ့်လည်း အကန့်သတ်ဖြင့်သာတင်သွင်းနေရပြီး ပြည်တွင်းကုမ္ပဏီ(၃၀)ဝန်းကျင်အတွက် အစီးရေ(၁၀၀၀)ကျော်သာတင်သွင်းခွင့်ပြုထားတယ်လို့ EV ကားတင်သွင်းနေတဲ့လုပ်ငန်းရှင်ဒေါက်တာစိုးထွန်းက ပြောပါတယ်။ လက်ရှိ EV ကားပေါက်ဈေးတွေဟာကားအမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းမြင့်တက်နေပြီး စရန်ပေးထားတဲ့ကားတွေတောင် ကားအပ်နိုင်သေးဘူးလို့ EV လုပ်ငန်းရှင် တချို့ကပြောပါတယ်။

အခုလို ပြည်ပကတင်သွင်းတဲ့ EV ယာဉ်အတွက်ကိုကန့်သတ်နဲ့တင်သွင်းခွင့်ပြုတဲ့အတွက် ပြည်တွင်းရင်နှီးမြှုပ်နှံသူတွေအနေနဲ့ရပ်တည်ဖို့မလွယ်ကူဖို့လည်းဆိုပါတယ်။လက်ရှိတင်သွင်းခွင့်ပြုနေတဲ့ EV ကားအစီးရေ ပမာဏကြောင့် ပြည်ပရင်းနှီးမြှုပ်မှုတွေလာရောက်ဆွေးနွေးတာတွေမရှိသေးဘူးလို့ ဒေါက်တာစိုးထွန်းပြောပါတယ်။

EV ကားတွေတင်သွင်းဖို့ခွင့်ပြုပေးတဲ့အစီးရေပမာဏကိုတိုးမြင့်ပေးဖို့လုပ်ငန်းရှင်တွေက အကြံပြုထားပါတယ်။လက်ရှိပြည်တွင်းဝယ်လိုအားအခြေအနေနဲ့ဆိုရင် ပြည်တွင်းမှာ တစ်နှစ်ကို EV ကားအစီးရေ (၃၀၀၀၀) ကျော် (၄၀၀၀၀) ဝန်းကျင်လောက်တင်သွင်းခွင့်ပြုမှ အဆင်ပြေနိုင်မယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။

လက်ရှိခွင့်ပြုထားတဲ့ EV ကားအစီးရေပမာဏနဲ့ဆိုရင် ကားအရောင်းပြခန်းစရိတ်နဲ့တခြားကုန်ကျစရိတ်တွေရှိလို့ ပြည်တွင်းလုပ်ငန်းရှင်တွေရပ်တည်ဖို့မလွယ်ဘူးလို့ ‌ဒေါက်တာစိုးထွန်းကပြောပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com