- Home
- Car News
- အင်္ဂလန်တွင် ဂိုဒေါင်တစ်ခုအတွင်း နှစ်ပေါင်းများစွာ စွန့်ပစ်ထားကာ ငှက်ချေးများဖုံးနေသော Chevrolet C2 Sting Ray မော်တော်ကား အံ့ဖွယ်ဈေးနှုန်းဖြင့် ရောင်းထွက်
အင်္ဂလန်တွင် ဂိုဒေါင်တစ်ခုအတွင်း နှစ်ပေါင်းများစွာ စွန့်ပစ်ထားကာ ငှက်ချေးများဖုံးနေသော Chevrolet C2 Sting Ray မော်တော်ကား အံ့ဖွယ်ဈေးနှုန်းဖြင့် ရောင်းထွက်
- 725 views
အင်္ဂလန်တွင် ဂိုဒေါင်တစ်ခုအတွင်း နှစ်ပေါင်းများစွာ စွန့်ပစ်ထားကာ ငှက်ချေးများဖုံးနေသော ဂန္ထဝင် မော်တော်ကားတစ်စင်း အလွန်များပြားလှသော ဈေးနှုန်းဖြင့် ရောင်းထွက်သွားသည်။
မွဲညစ်ဖုန်တက်နေသော အဆိုပါကားကို လေလံပွဲတွင် ပေါင် ၂၅၀၀၀ မှ ပေါင် ၃၀၀၀၀ ကြား ရဖွယ်ရှိသည်ဟု မျှော်မှန်းခဲ့သော်လည်း ခန့်မှန်းထားသည်ထက် ၂ ဆကျော် ဈေးရခဲ့သည်။
(၁၉၆၆ ခုနှစ်ထုတ် Chevrolet C2 Sting Ray မော်တော်ကားမှာ ဂိုဒေါင်တစ်ခုအတွင်း စွန့်ပစ်ခံထားရသည်။ ဓာတ်ပုံ-SWNS)
(နှစ်ပေါင်းများစွာ ကာလအတွင်း ငှက်ချေး အညစ်အကြေးတို့ဖြင့် ဖုံးလွှမ်းခံခဲ့ရသည်။ ဓာတ်ပုံ-SWNS)
၁၉၆၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီပြည်နယ်၊ St Louis မြို့ရှိ စက်ရုံ၌ ထုတ်လုပ်ခဲ့သည်။
ယခု Chevrolet C2 Sting Ray မော်တော်ကားကို လွန်ခဲ့သော ၂၅ နှစ်ခန့်က ဗြိတိန်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော ဆယ်စုနှစ် ၂ ခု၏ အချိန်ကာလတစ်ခုတွင် အမည်မသိပိုင်ရှင်က ဂိုဒေါင်ထဲတွင် စွန့်ပစ်ကာ ဖုန်တသောသော ငှက်ချေးများဖြင့် ညစ်ပတ်ပေရေခဲ့သည်။
ယင်းအချက်များမှာ Classic Car Auctions ၏ ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြထားခြင်းဖြစ်ပြီး ယာတော တွင် တွေ့ရှိကြောင်းသာ ဖော်ပြထားကာ ကားပိုင်ရှင်၏ အချက်အလက်သမိုင်းကြောင်းများ ဖော်ပြမထား။
လေလံအဖွဲ့အနေဖြင့် မှတ်ပုံတင်စာရွက်စာတမ်းနှင့် VIN တို့အပေါ်တွင် အခြေခံသည့် အချက်အလက်များသာ သိရှိထားသည်။
ဤကားသည် ဂရုတစိုက်မွမ်းမံမှုအချို့ လိုအပ်နေသော်လည်း ကောင်းမွန်သည့်ပုံပန်းရှိနေဆဲဖြစ်ကာ ကားစုဆောင်းသူ (သို့မဟုတ်) ပြန်လည်မွမ်းမံမှုများ စိတ်ဝင်စားသူတို့အတွက် ကြီးမားသည့် အခွင့်အလမ်းများ ရှိသည်။
ငှက်ချေးများဖြင့် ညစ်ပတ်နေသော်လည်း Chevrolet C2 Sting Ray မှာ အင်္ဂလန်နိုင်ငံအနောက်ပိုင်း ၊ Warwickshire ခရိုင်တွင် ကျင်းပခဲ့သော လေလံပွဲ၌ ပေါင် ၆၈၆၂၅ ဖြင့် ရောင်းထွက်သွားခဲ့သည်။
ထိုလေလံပွဲတွင် အခြားသော ဂန္ထဝင်ကားများနှင့်အတူ လေလံတင်ခဲ့ခြင်းဖြစ်ပြီး ကြမ်းခင်းဈေး မရှိခဲ့။
(လေလံတင်ရောင်းချလျှင် ပေါင် ၃၀၀၀၀ ဝန်းကျင်ရရှိမည်ဟု မျှော်မှန်းခဲ့သည်။ ဓာတ်ပုံ-SWNS)
(အမှန်တကယ် ရောင်းထွက်သွားသည်မှာ ပေါင် ၆၈၀၀၀ ကျော်ဖြစ်သည်။ ဓာတ်ပုံ-SWNS)
(ဤကားကို အမေရိကန်နိုင်ငံ ၊ မစ်ဇူရီပြည်နယ်ရှိ စက်ရုံတွင် ထုတ်လုပ်ခဲ့ပြီး လွန်ခဲ့သော ၂၅ နှစ်က ဗြိတိန်သို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-SWNS)
(ကားစုဆောင်းသူ (သို့မဟုတ်) ပြန်လည်မွမ်းမံမှုများ စိတ်ဝင်စားသူတို့အတွက် ကြီးမားသည့် အခွင့်အလမ်း များရှိကြောင်း လေလံအဖွဲ့က ပြောသည်။ ဓာတ်ပုံ-SWNS)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Classic car found covered in bird poo in a barn after years sells for eye-watering price (thesun)