YBS (CNG) ယာဉ်များ Gas ရရှိမှု မပြည့်တာကြောင့် အခေါက်ရေလျှော့ပြေးဆွဲနေရ
- 163 views
YBS ယာဉ်လိုင်းတွေအနေနဲ့ တစ်နေ့ကို ယာဉ်အစီးရေ (၃၇၀၀) ကျော်ပြေးဆွဲပေးနေပြီး ယာဉ်အစီးရေလျော့ပြီး ပြေးဆွဲတာမျိုးမဟုတ်ဘဲ CNG ရရှိမှု မပြည့်မီလို့ အခေါက်ရေ (၅ )ခေါက်ကနေ (၄) ခေါက်သာ ပြေးဆွဲနေရတဲ့အတွက် အခေါက်ရေလျှော့ပြေးဆွဲနေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ကနေ သိရပါတယ်။
YRTC အနေနဲ့ MOEG က တာဝန်ရှိသူတွေနဲ့တွေ့ဆုံနေပြီး CNG ပြည့်ဝစွာရရှိပြီး အစီးရေ ပိုမိုပြေးဆွဲနိုင်ဖို့ စီမံချက်နဲ့ဆောင်ရွက်နေပြီး အခုအခြေနေတွေကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။YBS ယာဉ်တွေကို ည(၉) နာရီအထိ ပြေးဆွဲရာကနေ ည(၁၀)နာရီ အထိ အချိန်တိုးပြေးဆွဲပေးဖို့ အသိပေးညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။
လက်တွေ့မှာ ခရီးသည်စီးနင်းမှု နည်းပါးတာကြောင့် ည (၈) နာရီနောက်ပိုင်းဆိုရင် YBS ယဉ်အစီးရေ နည်းပါးသွားတယ်လို့ ယူဆကြောင်း ရန်ကုန်မြို့နေပြည်သူအချို့က ဆိုပါတယ်။
ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယဉ်လိုင်း (၁၃၀) ကျော်ရှိပြီး နေ့စဉ်ခရီးသည် (၁)သန်းကျော် လိုက်ပါစီးနင်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com