• Home
  • Car News
  • ရန်ကုန်စက်သုံးဆီဈေး ဆက်တိုက်ကျဆင်းလာပြီး (92) တစ်လီတာကို ငွေကျပ် (၂၂၀၀) ကျော်အထိ ဖြစ်လာ

ရန်ကုန်စက်သုံးဆီဈေး ဆက်တိုက်ကျဆင်းလာပြီး (92) တစ်လီတာကို ငွေကျပ် (၂၂၀၀) ကျော်အထိ ဖြစ်လာ

  • 113 views

 

စက်တင်ဘာလ တတိယအပတ်ထဲမှာ ဈေးဆက်တိုက်ကျဆင်းလာတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာပြီး (92) တစ်လီတာကို ငွေကျပ် (၂၂၂၀) အထိ ပြန်လည်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကနေ သိရပါတယ်။

အရင်အပတ်က ငွေကျပ် (၂၄၀၀) အထက်မှာရှိခဲ့တဲ့အတွက် တစ်ပတ်အတွင်း ငွေကျပ်(၂၀၀)ကျော်အထိ ဈေးကျလာတာဖြစ်ပါတယ်။
ပရီမီယံဒီဇယ် တစ်လီတာဈေးနှုန်းဟာလည်း စက်တင်ဘာလ(၁၄) ရက်နေ့က ငွေကျပ်(၂၇၀၀)ကျော်အထိ ဈေးမြင့်တက်ခဲ့ပေမယ့် လက်ရှိမှာတော့ ငွေကျပ်(၂၅၀၀)ကျပ် ရည်ညွှန်းသတ်မှတ်ထားလို့ ငွေကျပ်(၂၀၀) အထိ ဈေးကျလာတာဖြစ်ပါတယ်။

စက်သုံးဆီတွေအပြင် စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးနဲ့ ရွှေဈေးဟာလည်း တဖြည်းဖြည်း ဈေးကျလာပါတယ်။ 

စက်တင်ဘာလ(၂၇)ရက်နေ့မှာတော့ ပြင်ပရွှေပေါက်ဈေးဟာ (အကယ်ဒီမီ မီးလင်း) ငွေကျပ်(၃၃)သိန်းကျော်မှာရှိနေတယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲကနေ သိရပါတယ်။ ဒါ့အပြင် တစ်ဒေါ်လာပေါက်ဈေးဟာလည်း ငွေကျပ် (၃၃၀၀) မှာ ရှိနေပြီး ဈေးပြန်ကျလာတယ်လို့ ပြင်ပဈေးကွက်အရ သိရပါတယ်။

လက်ရှိစက်တင်ဘာလ (၂၇) ရက်နေ့ စက်သုံးဆီဈေးတွေကတော့ 92 တစ်လီတာကိုလက်လီဈေး (၂၂၂၀) ကျပ်၊ 95 တစ်လီတာကို (၂၃၂၅)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို (၂၄၉၀)ကျပ်နဲ့၊ ဒီဇယ်တစ်လီတာကို (၂၅၆၅)ကျပ် ရှိတယ်လို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းတွေအရ သိရပါတယ်။

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com