- Home
- Car News
- BYD က Tesla ထုတ် Model 3 ၏ ပြိုင်ဘက်အဖြစ် Seal လျှပ်စစ် ဆီဒင်ကို မြောက်အမေရိကတွင် ဈေးကွက်တင်ပို့
BYD က Tesla ထုတ် Model 3 ၏ ပြိုင်ဘက်အဖြစ် Seal လျှပ်စစ် ဆီဒင်ကို မြောက်အမေရိကတွင် ဈေးကွက်တင်ပို့
- 199 views
တရုတ်ထိပ်တန်း EV ထုတ်လုပ်သူ BYD သည် တစ်ကမ္ဘာလုံးရောင်းအားတွင် Tesla ကို မှီရန် နီးကပ်လာချိန် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ခြေလှမ်းအရှိန်ဟုန်ကို မြှင့်တင်လာလျက်ရှိသည်။
BYD က ၎င်း၏ မော်ဒယ်သစ်ဖြစ်သော Seal လျှပ်စစ်ဆီဒင်ကို Tesla Model 3 ၏ တိုက်ရိုက်ပြိုင်ဘက်အဖြစ် မြောက်အမေရိကတွင် ဈေးကွက်တင်လာသည်။
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း Seal ကို မက္ကဆီကိုတွင် စတင်ဈေးကွက်ပို့ခဲ့ပြီး ဈေးကွက်ချဲ့ထွင်ခဲ့ကြောင်း BYD က ကြေညာသည်။
Seal သည် BYD က မက္ကဆီကိုတွင် ဈေးကွက်ပို့ခဲ့သော Ocean Series တွင် ဒုတိယမြောက် EV ဖြစ်ပြီး စက်တင်ဘာလအတွင်းက Dolphin မော်ဒယ်ကို ဈေးကွက်ပို့ထားသည်။
မြောက်အမေရိကတွင် Dolphin အပြင် Han ဆီဒင်၊ Tang SUV နှင့် Yuan Plus တို့လည်း ဇွန်လအတွင်းက ဈေးကွက်ပို့ပေးထားသေးရာ ယခုမော်ဒယ်မှာ ပဉ္စမမြောက် ဖြစ်လာသည်။
Seal လျှပ်စစ် ဆီဒင်တွင် နောက်ယက်နှင့် 4-Wheel Drive ဟု ဗားရှင်း ၂ မျိုးရနိုင်သည်။
နောက်ယက်၏ ဈေးမှာ မက္ကဆီကို ပီဆိုငွေ ၇၇၈၈၀၀ (ကန်ဒေါ်လာ ၄၄၆၀၀) မှ စသည်။
4-wheel drive မှာမူ ပီဆို ၈၈၈၈၀၀ (ကန်ဒေါ်လာ ၅၁၀၀၀) ကျသင့်မည် ဖြစ်သည်။
နောက်ယက်တွင် 150 kW နောက်ဘက်မော်တာနှင့် 61.44 kWh LFP Blade ဘက်ထရီတို့ တပ်ဆင်ထားပြီး ကီလိုမီတာ ၄၆၀ (၂၈၆) မိုင်အထိ မောင်းနှင်နိုင်မည် ဖြစ်သည်။
4 Wheel Drive တွင်မူ 390 kW မော်တာနှင့် 82.56 kWh LFP Blade ဘက်ထရီ တပ်ထားပြီး ၅၂၀ ကီလိုမီတာ (၃၂၃ မိုင်) အထိ မောင်းနှင်နိုင်သည်။
နှိုင်းယှဉ်ချက်အနေဖြင့် ကြည့်မည်ဆိုလျှင် Tesla Model 3 မှာ မက္ကဆီကိုတွင် ပီဆို ၈၈၁၉၀၀ (ကန်ဒေါ်လာ ၅၀၅၀၀) မှ စပြီး ၆၃၈ ကီလိုမီတာ (၃၉၆ မိုင်) မောင်းနိုင်သည်။
4WD ဗားရှင်းမှာ ပီဆို ၉၈၅၉၀၀ (ကန်ဒေါ်လာ ၅၆၅၀၀) မှစပြီး Performance ဗားရှင်းမှာ ပီဆို ၁၁၅၄၉၀၀ (ကန်ဒေါ်လာ ၆၆၁၀၀) မှ စသည်။
BYD ၏ တကမ္ဘာလုံးအတိုင်းအတာ EV ရောင်းအားမှာ Tesla နှင့် နီးကပ်လာချိန်တွင် ယခုသတင်း ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
BYD သည် ပြီးခဲ့သောလအတွင်းက EV အစင်းရေ ၁၇၀၀၀၀ ရောင်းချခဲ့ရပြီး Nissan ကို ဖြတ်ကျော်သွားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD launches Tesla Model 3 rival Seal electric sedan in Mexico (electrek)